Friday 3 August 2012

ခရမ်းသီးရခိုင်ချက်


ဒီနေ့တော့ ချက်ရတာလွယ်ကူပြီး... မိုးအေးအေးမှာ ရှူးရှူးရှယ်ရှယ်ဖြစ်စေမဲ့ ရခိုင်ခရမ်းသီးချက်လေး ချက် နည်း ကို ပြောပြချင်ပါတယ်...

ပါဝင်တာတွေကတော့.... (နှစ်ယောက်စာ)
(၁) ခရမ်းသီးအစိမ်း ၅လုံး (အိန္ဒိယဆိုင်မှာဝယ်လို့ရပါတယ်)
(၂) ငါးပိ အနည်းငယ်၊ 
(၃) မန်ကျည်းသီးအနည်းငယ်
(၄) နံနံပင်၊ ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၅) ဆား၊ အချို့မှုန့်၊ နနွင်းမှုန့် အနည်းငယ်
(၆) ဆီအနည်းငယ်

ပထမဦးဆုံး ငရုတ်သီးစိမ်းကို ရေအနည်းငယ်ထည့်ပြီး ပြုတ်ထားပါမယ်။ ခရမ်းသီးတစ်လုံးကို လေးစိပ်စိပ် ပြီး ခွက်တစ်ခုထဲမှာ ရေထည့်ဆားထည့်ပြီး စိမ်ပေးထားပါ။ အဖန်ရေများထွက်စေရန်ဖြစ်ပါတယ်။ ငပိ ကိုရေဖျော်၊ မန်ကျည်းသီးကိုလည်း ရေဖျော်ပေးထားပါ။ ပြုတ်ထားသော ငရုတ်သီး ရေခမ်းပြီဆိုလျှင် မညက်တညက်ထောင်းပေးပါ။ ချက်မဲ့အိုးထဲကို ဆားရည်စိမ်ထားတဲ့ ခရမ်းသီး၊ ပြုတ်ပြီးထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ ဆီအနည်းငယ်(ပါတယ်ဆိုရုံလေးပါ)၊ ငါးပိရေဖျော်ထားတာ၊ ဆား၊ အချိုမှုန့်၊ နနွင်း မှုန့်၊ ရေအနည်းငယ် ထည့်ကာ အဖုံးပိတ်ပြီးတည်ထားပေးပါ။ ဟင်းရည်ဆူပြီး ခရမ်းသီးလည်းနူးပြီဆိုလျှင် မန်ကျည်းသီးဖျော်ထားတာ ထည့်ပါ။ အဖုံးပိတ်ပြီး ခဏပြန်ဆူပါစေ။ အပေါ့အငန်မြည်းပြီး နံနံပင်အုပ်၊ အဖုံးပိတ်ကာ .. ခဏလေးနှပ်ထားပေးပါ.... ပြီးလျှင် စားလို့ရပါပြီ....

6 comments:

  1. အံကိုက်ပဲ.. အဲ့ဒါချက်စားချင်တာ ဘယ်လိုချက်ရမလဲ မသိလို့ အခက်တွေ့နေတာ :D :D

    ReplyDelete
    Replies
    1. Candy လေးရေ... ချက်စားကြည့်၊ လွယ်လည်းလွယ်တယ်.. စားလို့လည်းကောင်းတယ်... :)

      Delete
  2. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  3. အမက ရခိုင်လား။ရခိုင်ဟင်းတွေချက်စားတာများတယ်နော်။
    အမျိုးတွေလားလို.မေးကြည့်တာ။:P
    Areal thu

    ReplyDelete
    Replies
    1. ဟုတ်နေအုံးမယ်နော်.. ညီမလေးက ဘယ်ကလည်း ..:P

      Delete