Wednesday 15 August 2012

အာလူးဆနွင်းမကင်းဆိမ့်ဆိမ့်လေး.....


တနေ့တော့ အာလူးဆနွင်းမကင်းအရမ်းစားချင်လာတာနဲ့.... လုပ်ကလည်း မလုပ်တတ်... အဲဒါနဲ့ပဲ.. ဟင်းချက်တဲ့ blogger ပေါင်းစုံရဲ့ လုပ်နည်းတွေကိုကြည့်ပြီး အိမ်မှာ ရှိတာလေးနဲ့ လုပ်ဖြစ်တာလေးပါ..
အာလူးဆနွင်းမကင်းမှာ ထည့်ထားတာတွေက ...
(၁) အာလူးအနေတော် ( ၅) လုံး
(၂) ထောပတ် (Gee)
(၃) ဂျုံမှုန့် (စတီးဇွန်း ၅ ဇွန်း)
(၄) အုန်းနို့ (အပျစ်ဗူး ၀က်)
(၅) အုန်းသီးဖတ် နည်းနည်း
(၆) သကြား၊ ဆား၊ ဘိန်းစေ့ တို့ဖြစ်ပါတယ်...

# အာလူးလေးတွေကို နူးနေအောင် ပြုတ်ပြီး ချေထားတယ်...
# ပြီးတော့ ထောပတ်ကို အပူပေးအရည်ဖျော်ထားတယ်...
# အာလူးချေထားတာလေးတွေ၊ ထောပတ်အပူပေးထားတာတွေကို ဂျုံမှုန့်၊ အုန်းနို့အပျစ်၊ အုန်းသီးဖတ်၊
   သကြား၊ ဆား တို့ ထည့်ပြီး ရောသမမွှေလိုက်တယ်...
# ပြီးတော့ ဖုတ်မဲ့ဗန်းကို သံလွှင်ဆီ spary ဖြန်းပြီး ရောသမမွှေထားတာတွေ ထည့်လိုက်တယ်...
# အပေါ်ကနေ ဘိန်းစေ့လေးတွေ ဖြူးလိုက်တယ်....
# preheat 180 ဒီဂရီ ပေးထားတဲ့ oven နဲ့ မိနစ် ၃၀ ဖုတ်လိုက်တယ်....
# ရှိတာလေးနဲ့ လုပ်ထားတော့ အမြင်သိပ်မကောင်းပေမဲ့ စိမ့်စိမ့်လေးနဲ့ တကယ်ကောင်းပါတယ်...

No comments:

Post a Comment