Wednesday 15 August 2012

မွန်ငါးနှပ်ချဉ်စပ်ဟင်းရည်




အခုတလော ဟင်းသိပ်မချက်ဖြစ်တာကြောင့်.. အရင်တုန်းက ချက်ပြီး ဓာတ်ပုံရိုက်ထားတဲ့ဟင်းတွေ ကို ပြောပြချင်ပါတယ်...
ငါးနှပ်ချဉ်စပ်ဟင်းရည် အတွက် လိုအပ်တာတွေကတော့..
(၁) ငါးနှပ် ..( တခါတလေ wet market တွေမှာရတတ်ပါတယ်.. )
(၂) မရမ်းပြားခြောက်
(၃) ကြက်သွန်နီ
(၄) စပါးလင်
(၅) ငရုတ်သီးစိမ်း
(၆) ဆား၊ အချိုမှုန့်၊ ငပိ၊ ဆနွင်းမှုန့်၊ ဆီအနည်းငယ် တို့ဖြစ်ပါတယ်...

# စချက်တော့မယ်ဆို ... ငါးနှပ်အစိုကိုဆား၊ ဆနွင်း၊အချိုမှုန့်နှင့်နယ်ထားပေးပါ...
# ကြက်သွန်နီ၊စပါးလင်၊ငရုပ်သီးစိမ်းတို့ကိုရောထောင်းပေးပါ...
# ထောင်းပြီးသားအရောကို ဆီအနည်းငယ်ထည့်ပြီး ဆီသတ်ပေးပါ..
# ဆီသတ်တာ မွှေးလာလျှင် ငပိနည်းနည်းရေဖျော်ထည့်၊ငါးထည့်၊ ဆူလျှင်မရမ်းပြားရေဖျော် ထည့်
# အရသာအပေါ့အငံမြည်းပြီး ဆား ၊ အချိုမှုန့်ထည့်... ဆူလာလျှင် စားလို့ရပါပြီ...

No comments:

Post a Comment