Sunday 5 August 2012

ပုဇွန်ကော်ပြန့်စိမ်း








NTUC မှာ Rice paper တွေ့တာနဲ့ ကော်ပြန့်စိမ်း စမ်းလုပ်ကြည့်တာ အရွက်က ပါးတာကြောင့် သိပ်မတူပေမဲ့ အရသာက ဆင်တူပါတယ်... စားလို့လည်းကောင်းပါတယ်... ပါဝင်တာကတော့...

ကော်ပြန့်စိမ်း(၆) ခုအတွက် ...
(၁) rice paper တစ်ထုပ်မှာ အခု ၂၀ လောက်ပါပါတယ်...
(၂) ပုဇွန် (၆) ကောင်
(၃) ဂေါ်ဖီနည်းနည်း၊ မုန်လာဥနီနည်းနည်း
(၄) ကြက်သွန်မြိတ်
(၅) ဆား၊ ဆီ၊ အချိုမှုန့်၊ နနွင်းမှုန့် အနည်းငယ်တို့ဖြစ်ပါတယ်...

# ပထမဆုံး ပုဇွန်ကို အခွံခွာ၊ ကျောခွဲ (ချေးချောင်းထုတ်)၊ အတုံးသေးသေးတုံးပြီးဆား၊ အချိုမှုန့်၊   နနွင်းမှုန့်နှင့် နယ်ထားပါ .....
# ဂေါ်ဖီထုတ်နဲ့ မုန်လာဥနီကိုလည်း ရေဆေးပြီး ပါးပါးလှီးထားပါ...
# ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပါ...
# အိုးထဲမှာဆီနည်းနည်းထည့် ပြီး ဆီပူလာလျှင် အရသာနယ်ထားပြီးသား ပုဇွန်တွေကို လုံးလိုက်ပါ... ဆီပြန်လျှင် ဆီစစ်ပြီး ဆယ်ထားပေးပါ....
# ကျန်တဲ့ဆီထဲမှာပဲ ဂေါ်ဖီနဲ့ မုန်လာဥနီကို ကြော်ပေးပါ... ဆား၊ အချိုမှုန့်ထည့်.. နည်းနည်းနွမ်းပြီဆိုလျှင် ဆီစစ်ပြီး ဆယ်ထားပါ...

ကော်ပြန့်စိမ်းစလုပ်တော့ပါမယ်...
# rice paper အ၀ိုင်းထက်ကြီးတဲ့ ဇလုံထဲမှာ ရေနွေးပွက်ပွက်ဆူကို ရေစိမ်းနည်းနည်းရောထားပါ...
# rice paper တချက်ကိုယူပြီးရေနွေးနွေးလေးထဲ ဆယ်ပြီး ချက်ချင်းပြန်ဆယ်ကာ ကြွေပန်ကန်းပြားထဲမှာထည့်ပြီး.. အရွက်ရဲ့အလည်ပိုင်းမှာအဆာများထည့်ပြီး ထုပ်ပေးပါ...
# အပေါ်ကနေ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်ဖြူးလိုက်ပါ...ဒါဆိုရင်တော့ ကော်ပြန့်စိမ်းအလွမ်းပြေ စားရပြီပေါ့....

အချဉ်ကတော့
# NTUC က ABC Chilli sauce ထဲကို သံပုရာသီးညစ်၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ ဆား၊ အချိုမှုန့်ထည့်လိုက်ပါတယ်...

2 comments:

  1. ကော်ပျံ့လေးလဲစားသွားတယ်နော်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ.. နောက်လည်းလာအားပေးပါနော်.. :)

      Delete