Tuesday 14 August 2012

ကိုရီးယားအစားအသောက်

ညီမလေး Qu Te ရေ.. ဒီအနှစ်ဗူးလေးက “မ“ တို့ ကိုရီးယားအလည်သွားတုန်းက ကိုရီးယားထမင်းသုပ်စားတဲ့ အနှစ်ထင်ပြီး ၀ယ်လာခဲ့တာ... လုပ်စားကြည့်တော့ ပဲငပိအရသာဖြစ်နေတယ်.. အဲဒါ ဘာလုပ်စားတာလဲညီမလေး.. ကိုရီးယားလိုပဲရေးထားတော့ နားမလည်ဘူးဖြစ်နေတယ်... ဒီအနှစ်ဗူးလေးနဲ့ လုပ်စားလို့ရတဲ့ ဟင်းတင်ပေးပါအုံးနော်... ကျေးဇူးပါနော်..

2 comments:

  1. ပြန်ပြောတာ နောက်ကျသွားရင် ဆောရီးနော် ဘေဘီလေး
    ကျူတီ သိသိချင်း ရှာပြီး လိုက်လာတာ :))

    အဲဒီ့ ဘူးက ပဲငပိအနှစ်အကောင်းစားပါ
    $10 လောက်ရှိမယ်
    အသင့်စားလို့လည်းရသလို
    ...ကိုယ့်စိတ်ကြိုက် အရသာပြင်ပြီး စားသုံးလို့လည်း ရတယ်

    http://www.qutekitchen.com/2012/06/soy-bean-sauce.html
    ဒီ လင့်မှာ ပြောထားသလို အသားကင် ထမင်းနဲ့ တွဲစားလို့လည်း ရတယ်

    http://www.qutekitchen.com/2012/06/blog-post_02.html
    အရည်သောက်ဟင်းအဖြစ်လည်း သုံးလို့ရပါတယ်

    အခု ဘေဘီဝယ်ထားတဲ့ ပဲငပိဘူး အချိုများလား....
    အချိုဓာတ်များရင် ဟင်းချိုသောက်လို့မကောင်းပါဖူး
    ပဲငပိထဲမှာ အစပ် အငံ အချို သုံးမျိုးရှိသေးတာမို့
    အရသာကို မြည်းကြည့် ပြီး မချိုရင် ဟင်းချိုချက်သောက်လို့ရပါတယ်

    အသားကင် ထမင်းထုပ်အဖြစ် ပဲငပိအနှစ်ပြုလုပ်ပြီး စားသုံးရတာတော့ သေချာပါနော်
    အားမနာနဲ့နော် မရှင်းရင် ထပ်ရှာပေးမယ် :))


    ခင်တဲ့
    ကျူတီ

    ReplyDelete
    Replies
    1. ပြန်ပြောတာ မနောက်ကျပါဘူး ညီမလေး QT ရေ...အခုလို ပြန်ပြောပေးပါ အရမ်းကို ကျေးဇူးတင်ပါတယ်... မနှစ်ကသွားကတည်းက၀ယ်ထားပြီး ဘာလုပ်စားရမှန်းမသိဖြစ်နေတာ.. ပဲငပိက အငန်ဓာတ် ပိုများပါတယ်... အခုပြောထားတဲ့ နည်းလမ်းလေးတွေနဲ့ စမ်းချက်ကြည့်တော့မယ်...စမ်းချက်ကြည့်လို့ အဆင်ပြေရင် အမြည်းပို့လိုက်မယ်နော်... :P

      ခင်တဲ့..
      baby

      Delete