ပါဝင်တာကတော့ (နှစ်ယောက်စာ)
(၁) ပဲပုတ် ၂ ချပ် ( ဒဲအိုးနဲ့ထည့်ပြီး အနံ့မွှေးအောင် ကင်ပေးပါ )
(၂) ငရုတ်သီးစိမ်း စားနိုင်သလောက် ( ဒဲအိုးနဲ့ထည့်ပြီး လှော်ထားပေးပါ)
(၃) ကြက်သွန် အသေး တစ်လုံး
(၄) ကြက်သွန်ဖြူ နှစ်တက်
(၅) နံနံပင်
(၆) ခရမ်းချဉ်သီး နှစ်လုံး
(၇) ဆား၊ အချိုမှုန့်၊ ငံပြာရည်
# ပထမဦးစွာ.. ခရမ်းချဉ်သီး နှစ်လုံးကို အိုးထဲတွင် ရေအနည်းငယ်ထည့်ပြီး.. ရေခန်းပြုတ်ပေးပါ။
# ရေခန်းပြီးခရမ်းချဉ်သီး အပြင်ခွံများ ကွဲအက်ပြီး.. အတွင်းဘက်ကလည်း ပျော့လာပြီဆိုလျှင်
အအေးခံထားပါ။
# ခရမ်းချဉ်သီး အေးလျှင် အပြင်အခွံများကို ခွာပေးပါ။
# ထို့နောက် ကြိတ်စက် ထဲတွင် ခရမ်းချဉ်သီး အခွံခွာထားတာရယ်၊ ပဲပုပ် ကင်ထားကို အပိုင်းလေးများ
ပိုင်းထားတာရယ်၊ ငရုတ်သီးစိမ်းလှော်ထားတာရယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တို့ကို ထည့်ပြီး
မကျေတကျေလေး ကြိတ်ပေးပါ။
# အားလုံး သမသွားလျှင် အပေါ့အငံမြည်းပြီး... ဆား၊ အချိုမှုန့်၊ ငံပြာရည်ကို လိုသလိုထည့်ပြီး မွှေပေးပါ။
# အပေါ်က နံနံပင်လေးဖြူးပြီး သုံးဆောင်လို့ရပါပြီရှင်...
ရှမ်းပဲပုပ်ခရမ်းချဉ်သီးနဲ့ ဆင်တူတယ်နော်..။
ReplyDeleteကျမတို့ ရှမ်းပုံစံအတိုင်းဆိုရင်၊
မီးမဖုတ်နိုင်ရင်လည်းအားလုံးလှော်လိုက်တယ်။
ခရမ်းချဉ်သီးကိုဒီထက်များများထဲ့တယ်။
ပဲပုပ်ကျတော့ ဒီအချိုးဆိုရင်တချပ်ဘဲထဲ့တယ်။
ကျမတော့ဗူးကြီးတဗူးလုပ်လုပ်ပြီးရေခဲသေတ္တာထဲထဲ့ထားတယ်။
ထမင်းစားတိုင်းစားလေ့ရှိတယ်။
ကြိုက်လို့ ...:P
ညီမ ရှမ်းစာတွေတော့ သိပ်မသိဘူးမမီးမီးရေ...
Deleteအမျိုးသားက ပဲပုပ်ကြိုက်တာနဲ့ ပန်ထွေဖျော်ထဲမှာ.. ပဲပုပ်ကို မီးကင်ပြီး ထည့်လုပ်ပေးလိုက်တာပါ..
နောက်တခါလုပ်စားရင် မမီးမီးပြောတဲ့ အချိုးအတိုင်း လုပ်စားကြည့်အုံးမယ်..
ဒီဟင်းရံလေးတွေ ထမင်းအရမ်းမြိန်တယ်နော်...
ကျေးဇူးပါနော်... အခုလို ပြောပြတာ..