Thursday 16 August 2012

ရခိုင်ကြက်သောက်ဆမ်းဟင်းရည်


ဒီဟင်းကလည်း ရိုက်ထားတာ ကြာလှပါပြီ..
ပါဝင်တာတွေကတော့ ...
# ကြက်သား ပွပွကြီးမဟုတ်ပဲ chicken wing stick
# အသီးအနှံက ( ကိုယ်ကြိုက်တာထည့်လို့ရပါတယ်)
   (မျှစ်ချဉ်၊ မုန်လာဥနီ၊ မှိုပုစိလေးတွေ၊ ပြောင်းဖူးပုစိ)
# ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆီနည်းနည်း
# မန်ကျည်းသီးမှည့်၊ ငရုတ်သီးစိမ်း၊ နံနံပင်


# ပထမဆုံး အသီးအနှံလေးတွေကို သေးသေးလေးတွေ တုံးထား၊
# ကြက်သားကို ဆား၊ ဆနွင်းမှုန့် နည်းနည်း၊ အချိုမှုန့်နဲ့နယ်ထား...
# ဆီနည်းနည်းလေးမှာ ငပိနည်းနည်းကို ဆီသတ် (ငပိများလည်း စားလို့မကောင်းပါ။)
# ပြီးတော့ ကြက်သားကိုထည့် လုံးလာပြီဆို ရေနည်းနည်းထည့်ပြီး နူးအောင်ချက်၊
# နူးပြီဆို ခုနက အသီးအနှံ နဲ့ ငရုတ်သီးစိမ်းပါးပါးလှီးထားတာတွေကို ထည့်  
# ဆူပြီဆို မန်ကျည်းမှည့်ဖျော်ထားတာထည့် ၊ဆား၊ အချိုမှုန့်ခတ်၊  နံနံပင်အုပ်၊  
   ငရုတ်ကောင်းနည်းနည်းဖြူး .စားလို့ရပါပြီ...

ချက်ပြီးပြီးချင်း စားတာပိုကောင်းပါတယ်... အသီးအရွက်တွေ မနွမ်းခင်ပေါ့...

No comments:

Post a Comment