Tuesday 14 August 2012

အမဲသားခေါက်ဆွဲကြော်


အမဲသားခေါက်ဆွဲကြော်မှာပါဝင်တာကတော့ --
(၁) အမဲသား
(၂) ကြက်ဥခေါက်ဆွဲ
(၃) ဂေါ်ဖီ
(၄) မုန်လာဥနီ
(၅) ဆီ
(၆) ကြက်သွန်နီတစ်လုံး
(၇) ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ အချိုမှုန့်၊ ငရုတ်ကောင်း၊ ဆနွင်းမှုန့်၊ ရှလာကာရည်
     အနည်းငယ်တို့ဖြစ်ပါတယ်..

အချဉ်အတွက်ကတော့...
(၁) သခွားသီး
(၂) ငရုတ်သီးစိမ်း
(၃) သံပုရာသီး
(၄) ဆား၊ အချိုမှုန့် တို့ဖြစ်ပါတယ်...

# ပထမဆုံးအနေနဲ့အမဲသားကို ဆား၊အချိုမှုန့်၊ဆနွင်းမှုန့်၊ ရှလာကာရည် နဲ့ နယ်ပြီး
   အသားမြုပ်ရုံရေထည့်ပြီး ပြုတ်ပါ။
# နှစ်နာရီခန့် ရေခန်းလိုက်ထည့်လိုက် ပြုတ်ပေးပါ..
# အသားနူးလည်း အမျှင်လေးတွေဖြစ်အောင် နွှာပေးပါ...
# ဂေါ်ဖီနဲ့ မုန်လာဥနီ တို့ကို အနေတော်လေးလှီးထားပေးပါ..
# ခေါက်ဆွဲကို ပြုတ်ပြီး အအေးခံထားပေးပါ...
# ပထမဆုံး ဂေါ်ဖီနဲ့ မုန်လာဥနီကို ဆား၊ အချိုမှုန့်၊ သကြားထည့်ပြီး ဆီနည်းနည်းနှင့်ကြော်ပေးပါ...
# နွမ်းလာလျှင် နွှာထားသော အမဲသားများကို ထည့်မွှေပေးပါ..
# ပြီးလျှင် ပန်းကန်တစ်ခုထဲ ဆယ်ထားပေးပါ။
# အဲဒီအိုးထဲမှာပဲ ဆီထပ်ထည့်ပြီး ကြက်သွန်နီ ပါးပါးလှီးထားတာကို ဆီသတ်ပေးပါ...
# နွမ်းလာလျှင် အအေးခံထားသော ခေါက်ဆွဲကို ဆား၊ အချိုမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်
   ထည့်ပြီးကြော်ပေးပါ...
# ခေါက်ဆွဲကျက်လျှင် ခုနက ဆယ်ထားတဲ့ အသီးအရွက်နဲ့အမဲသားကို ထည့်ပြီး  ငရုတ်ကောင်းဖြူးကာ
   သမအောင် ရောမွှေပေးပါ...
# အားလုံးသမပြီး ကျက်ပြီဆိုလျှင် စားလို့ရပါပြီ...

အချဉ်အတွက်ကတော့
# သခွားသီးကို ဓါးနဲ့ ပေါက်ပြီး အတုံးသေးသေးလေးတွေ လှီးပေးပါ..
# ပြီးလျှင် ဆား၊ အချိုမှုန့်၊ သံပုရာရည် နဲ့နယ်ပြီး စားလို့ရပါပြီ...

No comments:

Post a Comment