နေ့ခင်းပိုင်းအဆာပြေစားရန်အတွက် လုပ်ရတာလွယ်ကူတဲ့ ခရမ်းသီးကြော်ပါ... ပါဝင်တာကတော့...
(၁) ရွှေလိပ်ပြာအကြော်မှုန့်
(၂) ခရမ်းသီး
(၃) ပဲငံပြာရည်အကြည်
အချဉ်ဖျော်ရန် ...
(၁) မန်ကျည်းသီး
(၂) ပဲမှုန့်အကျက်မှုန့်
(၃) ငရုတ်သီးအကျက်မှုန့်
(၄) ဆား၊ အချိုမှုန့်၊ ငံပြာရည်၊
(၅) ကြက်သွန်ဖြူ နှစ်တက်
# အကြော်ကြော်ရန်အတွက် ခရမ်းသီးကို မထူမပါးအကွင်းလိုက်လှီးထားပါ။
# ရေထဲမှာ ဆားထည့်ပြီး လှီးထားသော ခရမ်းသီးကိုစိမ်ပေးပါ.. အခါးရည်များထွက်စေရန်ဖြစ်သည်။
# မှုန့်နှစ်ဖျော်ရန် ဇောက်ပန်းကန်တလုံးထဲတွင် အကြော်မှုန့်(လိုသလောက်)၊ ပဲငံပြာရည်နည်းနည်း
ကို ရေနှင့်ပျစ်ပျစ်ဖျော်ပေးထားပါ။
# မှုန့်နှစ်ဖျော်ထားတဲ့ အထဲကို ခရမ်းသီးများကို ရေစစ်ပြီးထည့်ကာ သမအောင်မွှေပါ။
# ဆီပူပူထဲတွင် ထည့်ကြော်ကာ ရွှေအိုရောင်သန်းလာပြီဆိုလျှင် ဆယ်ပြီး ဆီစစ်ထားပါ။
အချဉ်ဖျော်ရန်
# မန်ကျည်းသီးကို ရေနဲ့ပြစ်ပြစ်ဖျော်ထားပေးပါ။
# မန်ကျည်းသီးအဖတ်များဆယ်ပြီး.. ငံပြာရည်၊ ပဲမှုန့်အကျက်မှုန့်၊ ဆား၊ အချိုမှုန့်၊
ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူ ပါးပါးလှီးထားတာများ ထည့်ကာ နှံ့အောင်မွှေပေးပါ။။
# ကြိုက်တတ်လျှင် နံနံပင် ပါးပါးလှီးပြီးထည့်လျှင်လည်းရပါတယ်..
ရှလွတ် ရှလွတ်... ကြိုက်တယ်
ReplyDeleteအချဉ်ဖျော်နည်းလေး အဆစ်ရလိုက်တယ်...
ကျေးဇူး :D
candy လေးရေ... လာအားပေးတာ ကျေးဇူးပါနော်... :)
ReplyDeleteအဲဒီလိုလေးကြိုက်တယ်
ReplyDeleteကြိုက်ရင် အများကြီးစားသွားလို့ရပါတယ် အမ...:P
Delete