Sunday 12 August 2012

အဆာပြေစားဖို့ ခရမ်းသီးကြော်နှင့်မော်လမြိုင်အချဉ်ရည်


နေ့ခင်းပိုင်းအဆာပြေစားရန်အတွက် လုပ်ရတာလွယ်ကူတဲ့ ခရမ်းသီးကြော်ပါ... ပါဝင်တာကတော့...

(၁) ရွှေလိပ်ပြာအကြော်မှုန့်
(၂) ခရမ်းသီး
(၃) ပဲငံပြာရည်အကြည်

အချဉ်ဖျော်ရန် ...
(၁) မန်ကျည်းသီး
(၂) ပဲမှုန့်အကျက်မှုန့်
(၃) ငရုတ်သီးအကျက်မှုန့်
(၄) ဆား၊ အချိုမှုန့်၊ ငံပြာရည်၊
(၅) ကြက်သွန်ဖြူ နှစ်တက်

# အကြော်ကြော်ရန်အတွက် ခရမ်းသီးကို မထူမပါးအကွင်းလိုက်လှီးထားပါ။
# ရေထဲမှာ ဆားထည့်ပြီး လှီးထားသော ခရမ်းသီးကိုစိမ်ပေးပါ.. အခါးရည်များထွက်စေရန်ဖြစ်သည်။
# မှုန့်နှစ်ဖျော်ရန် ဇောက်ပန်းကန်တလုံးထဲတွင် အကြော်မှုန့်(လိုသလောက်)၊ ပဲငံပြာရည်နည်းနည်း
  ကို ရေနှင့်ပျစ်ပျစ်ဖျော်ပေးထားပါ။
# မှုန့်နှစ်ဖျော်ထားတဲ့ အထဲကို ခရမ်းသီးများကို ရေစစ်ပြီးထည့်ကာ သမအောင်မွှေပါ။
# ဆီပူပူထဲတွင် ထည့်ကြော်ကာ ရွှေအိုရောင်သန်းလာပြီဆိုလျှင် ဆယ်ပြီး ဆီစစ်ထားပါ။

 အချဉ်ဖျော်ရန်

# မန်ကျည်းသီးကို ရေနဲ့ပြစ်ပြစ်ဖျော်ထားပေးပါ။
# မန်ကျည်းသီးအဖတ်များဆယ်ပြီး.. ငံပြာရည်၊ ပဲမှုန့်အကျက်မှုန့်၊ ဆား၊ အချိုမှုန့်၊
   ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူ ပါးပါးလှီးထားတာများ ထည့်ကာ နှံ့အောင်မွှေပေးပါ။။
# ကြိုက်တတ်လျှင် နံနံပင် ပါးပါးလှီးပြီးထည့်လျှင်လည်းရပါတယ်..

4 comments:

  1. ရှလွတ် ရှလွတ်... ကြိုက်တယ်
    အချဉ်ဖျော်နည်းလေး အဆစ်ရလိုက်တယ်...
    ကျေးဇူး :D

    ReplyDelete
  2. candy လေးရေ... လာအားပေးတာ ကျေးဇူးပါနော်... :)

    ReplyDelete
  3. အဲဒီလိုလေးကြိုက်တယ်

    ReplyDelete
    Replies
    1. ကြိုက်ရင် အများကြီးစားသွားလို့ရပါတယ် အမ...:P

      Delete