Wednesday 29 August 2012

ကြက်သားအာလူး bake

ပါဝင်တာကတော့...
(၁) ကြက်သားပေါင် ၅ ပေါင်
(၂) အာလူး အလုံးအနေတော် (၆) လုံး
(၃) ကြက်သွန်နီ တစ်လုံး
(၄) ကြက်သွန်ဖြူ၊ ဂျင်း အနည်းငယ်
(၅) ပဲငံပြာရည်အကြည်၊  ခရုဆီ၊ သံလွင်ဆီ၊ ကြက်သားမှုန့်၊ ငရုတ်သီးစိမ်းမှုန့် ၊ ငရုတ်ကောင်း ၊ ဆား၊ 
     အချိုမှုန့် အနည်းငယ်

# ပထမဦးစွာ.. အာလူးများကို တခြမ်းခြမ်းပြီး ဆားရည်ဖြင့် စိမ်ထားပေးပါ..
# ကြက်သွန်ဥနီတစ်လုံး၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြည်နဲနဲ၊ ခရုဆီနည်းနည်း၊  
   ငရုတ်သီးအစိမ်းမှုန့်နည်းနည်း၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းစေ့နည်းနည်း၊ ဆား၊ အချိုမှုန့် 
   အားလုံးကို  ကြိတ်စက်နဲ့ ကြိတ်...
# ကြက်သားနဲ့အာလူးနဲ့ကို  ကြိတ်ထားတဲ့အရောနဲ့ ရောနယ်ထားပြီး ရေခဲသေတ္တာထဲမှာ 
   အလုံပိတ်ဘူးနဲ့ နှစ်နာရီလောက် နှပ်ထား... 
# ပြီးတော့ bake လုပ်မဲ့ ဗန်းကို olive oil spary ဖြန်းထားပေးပါ။
# နှပ်ထားတဲ့ ကြက်သားနဲ့ အာလူးကို ဗန်းထဲထည့်ပြီး အပေါ်မှ oilve oil နည်းနည်း သုပ်ပေးပါ။
# oven အပူချိန် ၁၈၀ဒီဂရီ နဲ့ ၅၀ မိနစ် bake လုပ်၊ ၂၅ မိနစ် ဆို တဘက်လှန် ပေးပါ...
# ဒါဆိုရင်တော့ ကြက်သားနဲ့အာလူးပုံမပျက်ပဲ နူးအိပြီး စားလို့ကောင်းတဲ့ ဟင်းတခွက်ကို ရပါပြီရှင်....


No comments:

Post a Comment