Thursday 30 August 2012

ကြက်သားရခိုင်ငပိချက်


ပါဝင်တာကတော့ ...
(၁)  chicken wing stick 
(၂) ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၃) ငပိ၊ မန်ကျည်းသီးမှည့်
(၄) နံနံပင်
(၅) ဆား၊ အချိုမှုနှ်ု၊ ဆနွင်းမှုန့်၊
(၆) ဆီအနည်းငယ်...

# ပထမဆုံး ငရုတ်သီးစိမ်းကို ရေနည်းနည်းနဲ့ရေခမ်းပြုတ်ပြီး မညက်တညက် ကြိတ်ထားပေးပါ။
# အိုးတစ်လုံးထဲမှာ ကြက်သားကို ဆား၊အချိုမှုန့်၊ ဆနွင်းမှုန့်နည်းနည်း၊  ငပိ(ကြိုက်သလောက်)
   ရေဖျော်ထည့်(ငပိများသွားရင်လည်းမကောင်းပါ၊)
# ငရုတ်သီးစိမ်းကြိတ်ထားတာထည့်၊ ဆီပါတယ်ဆိုရုံလေးထည့်၊ ရေထည့်ပြီး တည်ထား၊
# ဆူပြီဆို ကြက်သားနူးမနူးကြည့်၊ နူးပြီဆို မန်ကျည်းမှည့် ဖျော်ထားတာထည့်၊
# ဆူအောင်စောင့်၊ ဆူလာပြီဆို နံနံပင် အုပ် ... စားလို့ရပြီ

No comments:

Post a Comment