Tuesday 31 July 2012

ထမင်းမြိန်တဲ့မုန်လာဥဖြူ/နီသုပ်ချဉ်စပ်သုပ်

ဒီနေ့တော့ လုပ်ရတာလည်းလွယ်ပြီး ထမင်းမြိန်စေတဲ့.. အသုပ်လေးတစ်ခုကို ပြောပြပေးပါမယ်နော်...
လိုအပ်တာတွေကတော့..
(၁) မုန်လာဥဖြူ ၊ ဥနီ
(၂) ကြက်သွန်နီ
(၃) နံနံပင်
(၄) ပုဇွန်ခြောက်မှုန့်
(၅) ကြက်သွန်နီ ဆီချက်
(၆) ရှာလကာရည်၊ သကြား၊ ဆား၊ အချိုမှုန့်၊ နှမ်း၊ ငရုတ်သီးအကျက်မှုန့်

ညနေပိုင်းစားဖို့အတွက် .. မနက်ကတည်းက မုန်လာဥနီနဲ့ဖြူ တို့ကို မသေးမကြီး အတုံးလေးတွေ လှီးပြီး ကြွေပန်းကန်တစ်ခုတည်းမှာထည့် ရှာလကာရည်၊ သကြား၊ ဆား ၊ ရေအနည်းငယ်ထည့် နှံ့အောင် နယ်ပြီး အပေါ်ကနေ ကြွေပန်းကန်ပြားနဲ့အုပ်ပြီး နာရီဝက်လောက်ထားပါ။ ကျွတ်ကျွတ်ရွရွလေး အနေ အထားလည်းရပြီ၊ အရသာလည်းအတော်ပဲဆိုလျှင် ရေတွေကိုညှစ်ထုတ်လိုက် ပြီး ကြွေပန်းကန်ပြားနဲ့ပြန် အုပ်ပြီး ရေခဲသေတ္တာထဲတွင်ထည့်ထားပါ..
ညနေပိုင်းစားချိန်ရောက်တော့... ကြက်သွန်လေး၊ နံနံပင်လေးတွေကို ပါးပါးလှီးထားမယ်၊ ပြီးတော့ မုန်လာဥဖြူနီအချဉ်လေးကို ဆား၊ အချိုမှုန့်၊ ပုဇွန်ခြောက်၊ နှမ်း၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်နီဆီချက် ထည့်ပြီး သုပ် နံနံပင်လေး အုပ်လိုက်တော့.. ထမင်းမြိန်တဲ့.. အသုပ်လေးတစ်မျိုးရပါတယ်...

No comments:

Post a Comment