Friday 24 August 2012

Butter Cake

Ready made butter cake mix လေးနဲ့ butter cake လေးစမ်းလုပ်ကြည့်ဖြစ်တယ်... လွယ်လည်းလွယ်တယ်... စားလို့လည်းကောင်းတယ်...

ပါဝင်တာကတော့.. 
# Golden Butter Cake mix
# နွားနို့ 150 ml
# ကြက်ဥ (၂) လုံး
# butter (60g)

# ပထမဆုံး cake mix နဲ့ ထောပတ်ကို ခွက်တစ်ခုထဲထည့်ပြီး hand mixer နဲ့ ခြေလိုက်တယ်..
# ပြီးတော့ ကြက်ဥ ထည့်ပြီးမွှေတယ်...
# ပြီးရင် နွားနို့ထည့်မွှေလိုက်တယ်...
# အားလုံး သမသွားပြီးဆိုရင် ဖုတ်မဲ့ ဗန်းထဲမှာ baking sheet ခင်းပြီးထည့်လိုက်တယ်..

# မျက်နှာပြင်ညီအောင် ညှိပြီး... Preheat 180 'c နဲ့ ၃၅ မိနစ် ဖုတ်တော့....

# စားလို့ တကယ်ကောင်းပါတယ်... အရသာက စိမ့်စိမ့်လေး...

မှတ်ချက်.... ready made ဗူးမှာ.. icing mix ပါ ပေမဲ့.. ဒီအတိုင်းလေးပဲစားရတာကြိုက်တာမို့ မလုပ်ဖြစ်တော့ပါဘူး... ဗူးမှာ ၄၅ မိနစ်လို ပြောထားပေမဲ့ ၃၅ မိနစ် အချိန်မှာ အခုလို brown လေး ဖြစ်လာတာမို့ တူးသွားမှာ ကြောက်လို့ ၃၅ မိနစ်ပဲ လုပ်လိုက်တာပါ....
 

2 comments:

  1. ကိတ်မုန့်လုပ်တာဆိုအားပေးတယ်

    ReplyDelete
    Replies
    1. လွယ်တာလေးတွေစမ်းလုပ်ကြည့်ရတာပါ..ဒါပေမဲ့ နှစ်ယောက်တည်းဆိုတော့ လုပ်စားရတာ သိပ်မတန်ဘူး.. တော်ကြာ အသားကုန်ဝလာရင်ခက်မယ်... ဘယ်လိုပဲဖြစ်ဖြစ်အားပေးမယ်ဆိုတော့ လုပ်အုံးမှာ...:P

      Delete