Saturday 4 August 2012

ဆော်လမွန်ငါးနဲ့အာလူးမုန်လာဥနီဟင်း








ဒီနေ့တော့ song cooking double pan လေးနဲ့ လွယ်ကူစွာအချိန်တိုအတွင်း ချက်စားနိုင်တဲ့ ဟင်းချက်နည်းတစ်မျိုးကိုပြောပြပေးချင်ပါတယ်...
လိုအပ်တာတွေကတော့...
(၁) ဆော်လမွန်ငါး
(၂) အာလူး
(၃) မုန်လာဥနီ
(၄) နံနံပင်
(၅) ငရုပ်ကောင်းထပ်ခြမ်းခွဲစေ့
(၆) rose marry ခြောက်
(၇) သံလွင်ဆီ
(၈) ဆား၊ အချိုမှုန့်

ပထမဆုံး ဆော်လမွန်ငါးကို ကိုယ်လိုသလောက်အပိုင်း ပိုင်းပြီး ဆား၊ ငရုတ်ကောင်း၊ အချိုမှုန့်နဲ့ နယ် ထားပေးပါ။အာလူးနဲ့မုန်လာဥနီကိုလည်း အတုံးများတုံးပြီးရေဆေးပြီး ဆားငရုတ်ကောင်း၊ အချိုမှုန့်နဲ့ နယ်ထားပေးပါ။အိုးကိုသံလွင်ဆီအနည်းငယ်ထည့်ကာအပူပေးပြီး..ဆော်လမွန်ငါးကိုအရေပြား အောက်ဘက်တွင်
ထားပြီးထည့်ပါ။ နောက်အသီးများထည့်ပါ။အားလုံးအပေါ်မှ သံလွင်ဆီအနည်းငယ် ဖြန်းပေးပါ။ rosemarry အနည်းငယ်ဖြူးပေးပါ။ အိုးအဖုံးပိတ်လိုက်ပြီး... ၁၀မိနစ်လောက်နေလျှင် အိုးကို လှုပ်ပေးပါ။ ပြီးလျှင် အဖုံးဖွင့်ပြီး.. ငါးကို တဖက်လှန်ပါ. အသီးများကို တဖက်လှန်ပါ။ (အဖုံးမဖွင့်ပဲ .. အိုးကို တဖက်လှန်ပေးလျှင်လည်းရပါတယ်။ အိုးကိုလှန်လျှင်လေးတာရယ်၊ နောက်ပြီး အိုးထဲမှအရည်များ အိုးမြောင်းအတွင်းစီးကျပြီး အောက်ကို ထွက်လာမှာ ကြောက်တာကြောင့် အဖုံးဖွင့်ပြီးပဲ လှန်လိုက်တာပါ။)
နောက် ၁၀ မိနစ်လောက်ဆို အသားလည်းကျက်၊ အသီးများလည်း ကျက်ပါပြီ.. မီးပိတ်၊နံနံပင်လေးအုပ်ကာ အိုးအဖုံးပြန်ပိတ်ပြီး နှပ်ထားပေးပါ.. ဆီနည်းနည်းနဲ့ ကျန်းမာရေးနဲ့ ပြည့်စုံနဲ့ ဟင်းတခွက်ကိုရပါပြီ...

4 comments:

  1. ဟင်းချက်တဲ့ အဲဒီအိုးလေးကို သဘောကျလို့ ၀ယ်မလို့ စဉ်းစားနေတာ ကြာပြီ

    ReplyDelete
  2. ညီမလေးရေ... ဒီအိုးက discount ချတုန်းလေးဝယ်ထားလိုက်တာ... တန်တယ်... ၆၅ ကျပ်တန်ကို ၂၆ ကျပ်ပဲပေးရတယ်... fairprice မှာလေ... ဒီတခါ ဈေးချတာတွေ့ရင် အကြောင်းကြားမယ်နော်... ပေါက်ပေါက်စမ်းဖောက်တာလည်းရတယ်... အသားလည်းကျက်မြန်တယ်.. အိုးကလုံတော့ အနံ့လည်း သိပ်မထွက်ဘူးလေ... ညီမလေးကိတ်မုန့်လေးတွေ စမ်းလုပ်ဖို့ ပစ္စည်းစုနေတယ်... အောင်မြင်ရင် တင်မယ်နော်...

    ReplyDelete
  3. မြန်မြန်လေးတင်ပါဗျို့

    ReplyDelete
    Replies
    1. အမရေ.. ကိတ်လုပ်ဖို့အတွက်က စုရတာတွေများနေတယ်... ၀ယ်ပေးရတဲ့သူ ငြိုငြင်မှာစိုးလို့ ဖြည်းဖြည်းပေါ့.. ဟိဟိ...

      Delete