Tuesday 7 August 2012

ပြည်ကြီးငါးရခိုင်သုပ်

ဒီနေ့တော့ ထမင်းမြိန်စေမဲ့ ချဉ်ငံစပ် အသုပ်တမျိုးကို ပြောပြပေးချင်ပါတယ်....
ပါဝင်တာကတော့...(နှစ်ယောက်စာ)
(၁) ပြည်ကြီးငါး အကြီးနှစ်ကောင်
(၂) ကြက်သွန်နီအကြီး တစ်ဥ
(၃) ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၄) နံနံပင်၊ သံပုရာသီး
(၅) ငပိ၊ ဆား၊ အချိုမှုန့်

# ပထမဆုံး ငရုတ်သီးစိမ်းကို မီးနဲနဲနဲ့လှော်ပေးပါ။(ဗိုက်မနာစေရန်ဖြစ်သည်)။
# ငပိအနည်းငယ်ကို ဖုတ်ပေးထားပါ။။ ငပိထောင်းဗူးမှ ငပိဆိုလျှင် ဖုတ်စရာမလိုပါ။
# လှော်ထားတဲ့ငရုတ်သီးစိမ်းနဲ့ ကြက်သွန်နီကို ရောပြီး မညက်တညက် ထောင်းပေးပါ။
# သန့်စင်ပြီး ပြည်ကြီးငါးကို ငရုတ်ကောင်းထက်ခြမ်းခွဲနည်းနည်းလေးနဲ့နယ်ထားပြီး ရေနွေးဆူဆူထဲကို မိနစ်အနည်း ငယ်ခန့် ကျက်အောင်ထည့် ပြုတ်ပေးပါ။
# ပြည်ကြီးငါး ကျက်လျှင် အတုံးလေးများတုံးထားပါ။

စသုပ်ပါတော့မယ်...
# ပြည်ကြီးငါး၊ ငပိဖုတ်၊ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ထောင်း၊ ဆား၊ အချိုမှုန့်ထည့်၊ သံပုရာသီးညစ်ပြီး သမအောင်နယ်ပါ။
# ပြီးလျှင် နံနံပင်လေးအုပ် စားလို့ ရပါပြီရှင်....

4 comments:

  1. လာလည်ပြီး ဟင်းလေးတွေစားသွားတယ်နော်... angle ရေ....း)

    ReplyDelete
    Replies
    1. လာလည်သွားတာကျေးဇူးပါမချောစုရေ... :)

      Delete
  2. ဒီအသုပ်လေးလဲကြိုက်တယ်

    ReplyDelete
    Replies
    1. အားပေးတာကျေးဇူးပါအမ...:)

      Delete