Thursday 30 August 2012

မျှစ်အစပ်ချက်

ပါဝင်တာကတော့

(၁) မျှစ်ဝါ အချောင်းလိုက် (အနေတော်လေး လှီးထားပေးပါ)
(၂) ကြက်သွန်နီ (၁) လုံး
(၃) ငပိ (ရေဖျော်ထားပေးပါ)
(၄) မန်ကျည်းသီးမှည့် (ရေဖျော်ထားပေးပါ)
(၅) ဆီ
(၆) ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၇) ဆား၊ အချိုမှုန့်

# ပထမဦးစွာ.. ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို မညက်တညက်ကြိတ်ပေးပါ.
# အိုးထဲမှာ ဆီထည့်ပြီး.. ကြိတ်ထားတာကို ဆီသတ်ပေးပါ..
# ကြက်သွန်နဲ့ငရုတ်သီးစိမ်းနွမ်းသွားပြီဆို ငပိရေဖျော်ထားတာ ထည့်ပြီးမွှေပါ..
# ဆူလာလျှင် မျှစ် လှီးထားတာထည့်ပြီး ရေနည်းနည်းထပ်ထည့်ကာ အဖုံးဖုံးပြီး မျှစ်နူးအောင်တည်ပါ.
# မျှစ်နူးလျှင် မန်ကျည်းသီးမှည့် ဖျော်ထားတာထည့်ပြီး.. ဆီပြန်လာလျှင် အရသာမြည်းပြီး ဆား၊
   အချိုမှုန့် ထည့်ကာ မွှေပေးပါ...
# နံနံပင်ရှိလျှင် နံနံပင် အုပ်ကာ စားသုံးလို့ရပါပြီ...


2 comments:

  1. ရှလွတ်... မျှစ်ဝယ်ပြီး ချက်စားဦးမှ :D

    ReplyDelete
    Replies
    1. ချက်စား candy လေးရေ... မိုးအေးအေးလေးနဲ့ ချဉ်ငံစပ်လေး :)

      Delete