Monday 27 August 2012

ပဲရည်နှင့်ကြက်သားသုပ်ချဉ်ငံစပ်

မိုးအေးအေးလေးနဲ့ ချဉ်ချဉ်ငံငံစပ်စပ်စားချင်သူများအတွက်...

ကြက်သားသုပ်ဖို့အတွက်...
(၁) ကြက်သားရင်ပုံသား ၊ ကြက်သဲ၊ ကြက်မြစ်
(၂) ပဲမှုန့်အစိမ်းမှုန့်
(၃) ပူစီနံ၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ငရုတ်သီးအကျက်မှုန့်
(၄) ဂေါ်ဖီ
(၅) ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ကုလားလေးမဆလာ၊ ငရုတ်ကောင်း
(၆) ဂျင်း၊ ကြက်သွန်ဖြူ
(၇) ဆီ

# ပထမဦးစွာ.. ကြက်သားရင်ပုံသားကို ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နဲ့နယ်ပြီး..
   အိုးတလုံးထဲမှာ..  ထည့်.. အပေါ်က ဂျင်း၊ ကြက်သွန်ဖြူကို ထူထူ လေးလှီးပြီးထည့်..၊
   ဆီနည်းနည်းထည့်  ရေထည့်ပြီးတည်ထား
# ကြက်သားရေခန်းခါနီးပြီးနူးမနူးကြည့် နူးလျှင် ကြက်သားများဆယ်ပြီးအအေးခံထား...
# အဲဒီအိုးထဲမှာပဲ.. ကြက်သဲ၊ ကြက်မြစ်ကို ဆား၊အချိုမှုန့်၊ ဆနွင်းမှုန့်၊
   ငရုတ်ကောင်းမှုန့်တို့နဲ့နယ်ထည့်ပြီး.. ရေထပ်ထည့် ပြီးတည်ပေးပါ..
# ရေခန်းပြီး ကြက်သဲကြက်မြစ်နူးပြီဆိုလျှင် ဆယ်ပြီ အအေးခံထား...
# ပဲမှုန့်အစိမ်းမှုန့်ကို ရေအေးနဲ့ ဖျော်ထားပေးပါ..
# အိုးတစ်လုံးထဲမှာ.. ရေထည့်ပြီးတည်ပေးထားပါ.. ရေနွေးဆူလျှင် ပဲမှုန့်အစိမ်းမှုန့်ရေဖျော်ထား
   တာထည့်၊ ဆူလျှင် ဆနွင်းခတ်၊ မဆလာခတ်၊ ဆား၊ အချိုမှုန့်ထည့်ပြီး ဆူလာတဲ့အထိ မွှေပေးပါ..

# ဂေါ်ဖီကိုပါးပါးလှီးထားပေးပါ..

ပြင်ဆင်ပုံ
# စားမဲ့ပန်းကန်ထဲမှာ.. အအေးခံထားသော ကြက်သားများကို အတုံးသေးသေးလေးတွေ တုံးထည့်
# ဂေါ်ဖီပါးပါးလှီးထားတာထည့်၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ ငရုတ်သီးစိမ်းပါးပါးလှီးထားတာ၊ ပူစီနံ
   ပါးပါးလှီးထားတာ၊ ငရုတ်သီးအကျက်မှုန့်၊ သံပုရာသီးညှစ်၊ ပဲရည်ထည့်ပြီး စားလို့ရပြီ..
   အလေးကြိုက်လျှင်.. ဆား အချိုမှုန့် ထပ်ထည့်ပေးပါ။။

4 comments:

  1. စားချင်ထှာ.. အရမ်းကြိုက်တဲ့ ရွှေညောင်ပင်စတိုင် ကြက်သားသုပ်..

    ReplyDelete
    Replies
    1. မမြူးမြူးရေ.. လုပ်ရတာလွယ်ပြီး မိုးအေးအေးမှာ စပ်စပ်လေးနဲ့ စားလို့ကောင်းပါတယ်..
      ညီမကတော့ အစပ်ပြေ ပါပရာလေးပါကြော်လိုက်တယ်..
      လာလည်တာကျေးဇူးပါနော်...

      Delete
  2. ရန်ကုန်မှာတုန်းက ချစ်သူနဲ့ ကြက်သားသုပ် ၀ယ်စားတာကို သတိရတယ်... ဟိ
    လုပ်စားကြည့်ဦးမယ် မ :)

    ReplyDelete
    Replies
    1. လုပ်စားကြည့်ပါ candy လေး၊ အခုတလော မိုးအေးအေးနဲ့ဆိုတော့ အံကိုက်ပဲ..:)

      Delete