Friday 17 August 2012

တီလားပီယားငါး ချဉ်စပ်


 အမျိုးသားက ငါးကြိုက်တော့.. ငါးကို မျိုးစုံလုပ်စားဖြစ်ပါတယ်... တီလားပီးယားငါး ချဉ်စပ်အတွက် လိုအပ်တာကတော့... (နှစ်ယောက်စာ)
(၁) တီလားပီးယားငါး တစ်ကောင်
(၂)  ကြက်သွန်နီ (၁) လုံး
(၃) ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၄) rice vinegar ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ဆနွင်းမှုန့် အနည်းငယ်၊ ငရုတ်သီးအစိမ်းမှုန့်
(၅) ဆီအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ်..

# ပထမဦးစွာ.. ကြက်သွန်နီတစ်လုံးနဲ့ ငရုတ်သီးစိမ်း(အစပ်စားနိုင်သလောက်)
   ကို မကြေတကြေလေးကြိတ်ထားပေးပါ။
# ခွက်တစ်ခုထဲမှာ ... ခုနက ကြိတ်ထားတာတွေရယ်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ဆနွင်းနည်းနည်း၊
   ငရုတ်ကောင်း
၊ ငရုတ်သီးအစိမ်းမှုန့်နည်းနည်း၊ Rice Vinegar ၊ ဆီ တို့ထည့်ပြီး သမအောင်မွှေပါ..
# ပြီးသွားရင် သန့်စင်ထားတဲ့ ငါးအနှံ့ ခုနက မွှေထားတာတွေနဲ့ နယ်ပေးပြီး
   အဖုံးပိတ်ဗူးနဲ့ ရေခဲသေတ္တာထဲမှာ နှစ်နာရီလောက် နှပ်ထားပေးပါ...
# ပြီးရင်တော့ Aluminum Foil နဲ့ ထုပ်ပြီး Pre Heat 220 ပေးထားတဲ့ oven နဲ့ min 30 ... bake
   လုပ်ပါတယ်... ကလောက်ဆို စားလို့ရပါပြီ...

7 comments:

  1. ကန်ဒီလည်း ငါးကြိုက်တယ်... စကားမစပ် ဟိုနေ့က စီတီးဟောမှာ ငါးခူဆီပြန်နဲ့ ငါးပိချက် ၂မျိုးတည်း ဟင်းချည်းဝယ်တာ ၁၀ ပေးခဲ့ရလို့ တင်းပြီးပြန်လာခဲ့တယ်.. >.<

    ReplyDelete
    Replies
    1. Candy လေးရေ... ပိတ်ရက်တွေ အိမ်မှာ ဧည့်သည်များနေတာနဲ့ blog ဘက်မလှည့်နိုင်ဖြစ်သွားတယ်... city hall ကတော့အားလုံးဈေးကြီးတယ်ညီမလေးရေ... ဈေးကြီးလို့ အရသာကောင်းလားဆိုတော့လည်း မကောင်းဘူး.. ငါးဟင်းချက်တဲ့နေ့ လှမ်းခေါ်လိုက်မယ်နော်... :P

      Delete
  2. ဟဟ..အမရေ...နှစ်ယောက်စာကလည်း ငါးတစ်ကောင်တည်းပါလားဗျ...ငါးက အီလို့လား... ကျွန်တော်ဆို တစ်ကောင်တောင် လောက်မှာ မဟုတ်ဘူး...:-)

    ReplyDelete
    Replies
    1. ညနေ တနပ်စာအတွက်က လုံလောက်ပါတယ်... ငါးက အကောင်ကြီးပါတယ်..မအီပါဘူး.. ချဉ်ငံစပ်ပါ..

      Delete
  3. ငါးဆိုကြိုက်တယ်

    ReplyDelete
  4. Baby ရေ..
    ကျမတော့ခပ်ကြောင်ကြောင်တခုမေးချင်တာ..ဟီး..။
    Aluminum Foil နဲ့ ထုပ်ပြီး oven နဲ့ bake တာကဖုတ်တာပေါ့နော်..။
    မီးဖိုပေါ်ကင်တာက ငါးကင်..။
    မဘေဘီ..ဘယ်အရသာကိုပိုကြိုက်လဲ။
    ဘယ်ဟာကပိုကောင်းတယ်လို့ အမရဲ့ အမျိုးသားပြောဘူးလဲ..။
    သိချင်တာ..ကျမနဲ့ အဖြေတူမတူ...အဟဲ :P

    ReplyDelete
  5. မမီးမီးရေ...
    aluminum နဲ့bake လုပ်ရင် ငါးက ခြောက်မသွားပဲ စိုစိုလေးစားရတဲ့အရသာလေးကတမျိုး..
    မီးသွေးမီးဖိုပေါ်ကင်တဲ့ ငါးကင်ကတော့ အရသာအကောင်းဆုံးပေါ့..
    ဒါပေမဲ့ ဒီမှာက ကင်ဖို့အဆင်မပြေဘူးလေ... ဘေးဘက်က အိမ် သုံးအိမ်လုံး ဟင်းမချက်စားကြဘူးလေ...
    aluminum ပတ်ပြီး bake လုပ်ဖြစ်တာက oven ညစ်ပတ်မှာကြောက်လို့ပါ..
    တခါတလေလည်း အောက်ခံဗန်းကိုပဲ aluminum ခင်းပြီး စတီးစင်လေးနဲ့ bake တယ်.... အဲဒါဆိုရင် ခြောက်ခြောက်လေးရတယ်..
    ငါးကင်မှာ အကြိုက်ဆုံးက ချောင်းသာငါးကင်ပဲ.. ဘယ်ဟိုတယ်က ကင်တဲ့ ငါးကင်နဲ့မှ မလည်နိုင်ပါဘူး... ညီမ အကြိုက်ပြောတာပါ..
    အမျိုးသားကတော့ ငါးကိုဘာလုပ်လုပ်ကြိုက်တယ်.. သူက လုံးဝချည်းမများတတ်တဲ့သူလေ.. တခါတလေလည်း..ဘယ်လိုဆိုကြိုက်တယ်.. ဘယ်လိုဆို မကြိုက်ဘူးဆိုတဲ့ suggestion လိုချင်လို့မေးရင် ရန်တောင်ဖြစ်ရတယ်... ကောင်းကောင်းမကောင်းကောင်းစားတယ်ဆိုတော့.. ညီမဟင်းချက်တာ မကောင်းလဲစားတယ်ဆိုပြီးလေ..
    ညီမလည်း အိမ်ထောင်ကျမှ ဟင်းစချက်တာ.. အခုမှ ဟင်းချက်သက် ၅ နှစ်ကျော်ကျော်ပဲရှိသေးတာလေ..

    ReplyDelete