Monday 3 September 2012

ဂဏန်းငပိချက် နဲ့ တို့စရာ...

ဒီဟင်းကတော့ မိုးအေးအေးပိတ်ရက်မှာ ရှူးရှူးရှဲရှဲလေး ချက်စားချင်သူတွေအတွက်ပါ...
ပါဝင်တာကတော့... နှစ်ယောက်စာ..
(၁) ဂဏန်း အကောင်ကြီးရင် နှစ်ကောင် (သို့) သေးရင် လေးကောင်

(၂) ငရုတ်သီးစိမ်း အနီ/ အစိမ်း ( စားနိုင်သလောက်)
(၃) မန်ကျည်းသီးမှည့် (ရေဖျော်ထားပေးပါ)
(၄) ငပိနည်းနည်း     (ရေဖျော်ထားပေးပါ)
(၅) နံနံပင်
(၆) ဆား၊ အချိုမှုန့်
(၇) ဆီအနည်းငယ်

# ပထမဦးဆုံး.. ငရုတ်သီးစိမ်းကို ရေအနည်းငယ်ထည့်ပြီး ရေခန်းပြုတ်ကာ မညက်တညက်ထောင်း
   ထားပေးပါ။
# သန့်စင်ထားပြီးသောဂဏန်းကို ထက်ဝက်ပိုင်းပေးပါ..
# လက်မအကြီးများကို ဖြုတ်ပြီး အနည်းငယ်ထုပေးထားပါ... (စားလျှင်အသားထုတ်တာလွယ်ကူရန်)
# အိုးတစ်လုံးထဲတွင် ပိုင်းဖြတ်ထုထားပြီးသော ဂဏန်းများ၊ ငရုတ်သီးစိမ်းပြုတ်ပြီးထောင်းထားသည်များ၊
   ငပိရေဖျော်ထားသည်များ၊ ဆီနည်းနည်းကို ထည့်ပြီး သမအောင်မွှေပေးပါ....
# ပြီးလျှင် ရေအနည်း ထည့်ပြီး ဆူအောင်တည်ပါ...
# ဆူလာလျှင် မန်ကျည်းသီးမှည့်ဖျော်ထားသည်ကိုထည့်ပြီး ဆူအောင် ထပ်တည်ပါ...
# ဆူလာလျှင် အပေါ့၊ အငံ မြည်းပြီး... ဆား၊ အချို့မှုန့်ခတ်၊ နံနံပင် အုပ်ပြီး စားလို့ရပါပြီ...

တို့စရာကတော့.. ကိုယ်ကြိုက်တာလေးတွေနဲ့ စားဖြစ်ပါတယ်...
(၁) ဆလတ်ရွက်
(၂) ခရမ်းချဉ်သီး
(၃) သခွားသီး
(၄) ပဲစောင်းလျားသီး
(၅) မုန်ညှင်းရွက်

ပဲစောင်းလျားသီးနဲ့ မုန်ညှင်းရွက်ကတော့ ပြုတ်ထားတာပါ... ပြုတ်နည်းလေးကတော့..
# ရေကို အိုးတလုံးနဲ့ ဆားထည့်ပြီးတည်ထား...
# ဆူလာလျှင် အရွက်တွေထည့် ( အဖုံးမအုပ်ပါနဲ့)
# ဇလုံတစ်ခုထဲတွင် ရေခဲတုံးလေးများကို ရေနည်းနည်းထည့်ပြီးပြင်ဆင်ပေးထားပါ...
# အရွက်နူးလောက်ပြီဆိုလျှင် အရွက်များကိုဆယ်ပြီး.. ရေခဲတုံးထည့်ထားသည့် ဇလုံထဲကို
   ထည့်စိမ်ပြီး နှစ်မိနစ်လောက်ဆို ရေစစ်ပြီး စားလို့ ရပါပြီ...
# ဒီနည်းလေးနဲ့ ပြုတ်ရင် အသီးအရွက်တွေကို ကြွပ်ကြွပ်လေးနဲ့ အစိမ်းရောင်မပျက်ရပါတယ်..

2 comments:

  1. လုပ်စားမည် ..

    ReplyDelete
    Replies
    1. လာလည်တာကျေးဇူးပါနော်.. လုပ်စားကြည့်ပါ .. ထမင်းတော်တော်မြိန်ပါတယ်...

      Delete