Friday 7 September 2012

ပဲနီလေးသီးစုံချဉ်ရည်ဟင်း

ပါဝင်တာကတော့...
(၁) ပဲနီလေး
(၂) အာလူး
(၃) မုန်လာဥနီ
(၄) ရုံးပတေသီး
(၅) မျှစ်
(၆) ငရုတ်သီးစိမ်း
(၈) မန်ကျည်းသီးမှည့်
(၉) ငပိနည်းနည်း
(၁၀)  ငရုတ်သီးစိမ်း (အစပ်စားချင်မှ ထည့်ပါ)
(၁၁) ဆီအနည်းငယ်
(၁၂) ကြက်သွန်ဖြူ
(၁၃) ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့် အနည်းငယ်
(၁၄) နံနံပင်

# ပထမဦးစွာ.. ပဲနီလေးကို ရေစိမ်ထားပေးပါ။
# အသီးအနှံတွေကို ရေဆေးပြီး အတုံးသေးသေးလေးတွေ တုံးထားပေးပါ.
# ကြက်သွန်ဖြူကို နုပ်နုပ်စင်း ဆီသတ်ပြီး ရေစိမ်ထားသော ပဲနီလေးကို ရေအနည်းငယ်နှင့်အတူ
   ထည့်ပြီး နူးအောင် တည်ပေးပါ။
# ပဲနီလေးနူးပြီးရေခမ်းဆီပြန်လျှင် ငပိရေဖျော်ထားတာ ထည့်ပြီး ဆူအောင်တည်ပါ။
# ဆူလျှင် ရေအနည်းငယ်ထပ်ထည့်ပြီး မုန်လာဥနီ၊ မျှစ်၊ အာလူး၊ ငရုတ်သီးစိမ်း များထည့်ပြီး နူးအောင်
   တည်ပါ။
# အားလုံးနူးလျှင် ရုံးပတေသီးထည့်ပါ။
# ရုံးပတေသီးနူးလျှင် ဆား၊ အချိုမှုန့်၊ မန်ကျည်းသီးမှည့် ဖျော်ထားတာတွေ ထည့်ပြီး အပေါ့အငံမြည်းပါ။
# ပြန်ဆူလာလျှင် နံနံပင် အုပ်ပြီး စားလို့ ရပါပြီ....

No comments:

Post a Comment