Tuesday 18 September 2012

ထမင်းမြိန်စေမဲ့ အသုပ်လေးများ (၁)


ကျောက်ပွင့်နဲ့ ကြွက်နားရွက်မှိုကိုရေစိမ်ထားပြီးပွလာရင်  ကပ်ကျေးနဲ့ညှပ်၊ ပဲကြာဇံကိုပြုပ်ပြီး အအေးခံထား၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ဆား၊ အချိုမှုန့် ၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ဆီချက်တို့နဲ့ သုပ်ထားတာပါ..
သခွားသီးတစ်လုံးကို လေးပိုင်းပိုင်း၊ အခွံခွာပြီး ပတ်ပြီးလှီးပြီး အလည်က အူတိုင်ကို ဖယ်ထုတ်၊ ရလာတဲ့ အပတ်လေးတွေကို ပါးပါးလှီး၊ ပုဇွန်ခြောက်နဲ့ ငရုပ်သီးစိမ်းလှော်ထားတာကို ရောထောင်း၊ ကြက်သွန်နီ၊ နံနံပင်၊ ဆား၊ အချိုမှုန့်၊ သံပုရာသီးတို့နဲ့ သုပ်ထားတာပါ...
ပုဇွန်ကို အခွံနဲ့ လှော်ပြီး အအေးခံ အခွံခွာ ပါးပါးလှီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပုရာသီး၊ ဆီချက်၊ ဆား၊ အချိုမှုန့် တို့ နဲ့ သုပ်ထားတာပါ...
ကိုရီးယားအာလူးကြာဇံကို ရေစိမ်ပြီးပြုတ်ကာ အအေးခံထား၊ ကျောက်ပွင့်ကို ရေစိမ်ပြီး ပွလာလျှင် ပါးပါးလှီးထား၊ မှိုကို ပါးပါးလှီး၊ သခွားသီး၊ မုန်လာဥနီ၊ ငရုပ်သီးစိမ်း၊ သံပုရာသီး၊ နံနံပင် ၊ ဆား၊ အချိုမှုန့်၊ ဆီချက်တို့နဲ့ သုပ်ထားတာပါ...
ပဲစောင်းလျားသီးကို ပြုတ်ပြီးအအေးခံကာ ပါးပါးလှီး၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ နှမ်း၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ဆား၊ အချိုမှုန့်၊ ဆီချက် တို့ နဲ့ သုပ်ထားတာပါ...
ပဲသီးကိုပြုတ် အအေးခံကာ လှီး၊ ငရုပ်သီးစိမ်းလှော်ထားတာနဲ့ ပုဇွန်ခြောက်ကို ရောထောင်း၊ ပဲကြာဇံကို ပြုတ်ပြီး အအေးခံ၊ နှမ်း၊ ဆီချက်၊ သံပုရာသီး၊ ဆား၊ အချိုမှုန့် တို့နဲ့ သုပ်ထားတာပါ..


2 comments:

  1. အမလေးသရေကျအောင်လုပ်တယ်အကုန်ကြိုက် သီတာ

    ReplyDelete
    Replies
    1. မသီတာရေ.. အားပေးတာကျေးဇူးပါနော်...

      Delete