Sunday 30 September 2012

ခရမ်းချဉ်သီးငါးငပိချက်နဲ့အရွက်ကြော်..

ခရမ်းချဉ်သီးငါးပိချက်လေးချက်နည်းကတော့လွယ်ပါတယ်... ပါဝင်တာကတော့.sushi fish fillet နှစ်ပြား၊ ခရမ်းချဉ်သီး၎လုံး  ငပိနည်းနည်း၊ မန်ကျည်းသီးနည်းနည်း၊ ကြက်သွန်နီတစ်လုံး၊ ငရုတ်သီးစိမ်းမှုန့်၊ ဆနွင်းမှုန့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း ..
ပထမဆုံး... ကြက်သွန်နီကို တညက်တညက်ကြိတ်ပြီး ဆီသတ်ပေးပါ..  ဆီသတ်တာကျက်လျှင် ဆနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်ထည့်ပေးပါ.. အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးကို လေးစိတ်စိတ်ပြီး ကြေအောင်မွှေပါ..
ခရမ်းချဉ်သီးကြေသွားလျှင် ငပိနည်းနည်းကို ရေဖျော်ထည့်ပေးပါ၊ ဆူလာလျှင် မန်ကျည်းသီးမှည့်ကို ပျစ်ပျစ်ဖျော်ပြီးထည့်ပေးပါ.. ဆူလာလျှင် ဆား၊ အချိုမှုန့် ထည့်ပြီး အရသာမြည်းကြည့်ပါ.. ပြီးလျှင် fillet များ သေးသေးတုံးပြီး ထည့်ပါ.. ငရုတ်သီးစိမ်းကိုလည်း သေးသေးလှီးပြီးထည့်ပါ။ ငါးကျက်လျှင် အရသာထပ်မြည်းပြီး လိုအပ်ရင် အရသာထပ်ထည့်ပေးပြီး ဆီပြန်လျှင် စားလို့ရပါပြီ..
နံနံပင်ရှိလျှင် အုပ်ပါက ပိုမွှေးပါတယ်..

ဒါကတော့ ခရမ်းချဉ်သီးငါးငပိချက်ကစပ်တော့ အချိုလေးဖြစ်အောင် မှိုနဲ့ မုန်ညှင်းဖြူကို ကြက်သွန်ဖြူဆီသတ်ပြီး ဆား၊ အချိုမှုန့်တို့နဲ့ ကြော်ပြီး ငရုတ်ကောင်းမှုန့်လေးဖြူးထားတာပါ...

10 comments:

  1. လိုက်ဖက်တဲ့ ဟင်းပွဲပဲ မမရေ.... ၂မျိုးလုံးကြိုက်တယ် :D

    ReplyDelete
    Replies
    1. ကြိုက်ရင်အများကြီးစားသွားပါနော်.. candy လေး...

      Delete
  2. ခရမ်းချဉ်သီးငပိချက်ကငါးပါထည့်ထားတော့တခြားပာင်းမပါလည်းထမင်းမိန်ပါတယ်ဘေဘီရေပုဇွန်ခြောက်နဲ့ဘဲချက်ဖူးတယ် သီတာ

    ReplyDelete
    Replies
    1. မသီတာရေ.. အခုလို ငါးနဲ့တခါလောက်စမ်းချက်ကြည့်နော်.. စားလို့တော်တော်အဆင်ပြေပါတယ်..

      Delete
  3. ခု ပဲ အိပ်ရာနိုးတာ ဘာမှမစားရသေးဘူး စားသွားပြီ :P

    ReplyDelete
    Replies
    1. လာအားပေးတာ ကျေးဇူးပါညီမလေး...

      Delete
  4. ဗိုက်ဆာနေတာနဲ့ အတော်ပဲ.......စားသွားတယ်နော်.....:)

    ReplyDelete
    Replies
    1. အားပေးတာကျေးဇူးပါ..

      Delete
  5. အရမ်းကြိုက်တဲ့ဟင်းတွေပါလား..
    အ၀စားချင်တယ် ၀ိတ်ထိန်းနေလို့ ..
    ဗိုက်ဆာလာပြီ..

    ReplyDelete
  6. ကြိုက်ရင် အများကြီးစားသွားနော်.. မနက်ပိုင်းနဲ့နေ့လည်ပိုင်း အ၀စားလို့ရပါတယ်.. :P
    လာအားပေးတာကျေးဇူးပါနော်...

    ReplyDelete