လတ်လတ်ဆတ်ဆတ် ပန်းဂေါ်ဖီသနပ်
လုပ်နည်းကလွယ်ပါတယ်... ပန်းဂေါ်ဖီကို white rice vinegar , sugar , salt နဲ့ ရောမွှေပြီး အဖုံးလုံအောင်ပိတ်ပြီး နှစ်နာရီ လောက်နှပ်ထား ... ဆီကို ကျက်အောင်ချက်ပြီးမီးပိတ်ကာ ငရုတ်သီးစိမ်းမှုန့်၊ မဆလာကိုထည့်ပြီး မွှေပေးပါ။ အနံ့မွှေးပြီးဆို ပန်းကန်လုံးမှာထည့်ပြီးအအေးခံထား။ ကြက်သွန်ဖြူကို လှီးထားပါ။ အားလုံးကိုရောမွှေလိုက်ရင် ချက်ချင်းစားလို့ရတဲ့ သနပ်ရပါပြီ :) ..... ပန်းဂေါ်ဖီကို နှပ်ထားပြီးရင် ထွက်လာတဲ့ အရည်ကို သွန်လိုက်နော် ....
ချစ်မကြီး ပျောက်နေတာနော်..
ReplyDeleteသတိရနေပါတယ်...မမကို
ဒါနဲ့ပန်းဂေါ်ဖီအစိမ်းကိုလုပ်ရမှာလား။ရေနွေးဖျောပြီးလုပ်ရမှာလားဟင်??
ရန်ကုန်ရောက်နေလို့ပါညီမလေး...
DeleteConnections စိတ်မရှည်လို့ မသုံးဖြစ်ဘူး...
သတိရပေးလို့ ကျေးဇူးပါညီမလေး ....
'မ' ကလည်းသတိရပါတယ်ကွယ် ....
ပန်းဂေါ်ဖီက အစိမ်းကိုပဲ လုပ်တာပါ ညီမလေးရေ ....