Wednesday 11 December 2013

လတ်လတ်ဆတ်ဆတ် ပန်းဂေါ်ဖီသနပ်




လုပ်နည်းကလွယ်ပါတယ်... ပန်းဂေါ်ဖီကို white rice vinegar , sugar , salt နဲ့ ရောမွှေပြီး အဖုံးလုံအောင်ပိတ်ပြီး နှစ်နာရီ လောက်နှပ်ထား ... ဆီကို ကျက်အောင်ချက်ပြီးမီးပိတ်ကာ ငရုတ်သီးစိမ်းမှုန့်၊ မဆလာကိုထည့်ပြီး မွှေပေးပါ။ အနံ့မွှေးပြီးဆို ပန်းကန်လုံးမှာထည့်ပြီးအအေးခံထား။ ကြက်သွန်ဖြူကို လှီးထားပါ။ အားလုံးကိုရောမွှေလိုက်ရင် ချက်ချင်းစားလို့ရတဲ့ သနပ်ရပါပြီ :) ..... ပန်းဂေါ်ဖီကို နှပ်ထားပြီးရင် ထွက်လာတဲ့ အရည်ကို သွန်လိုက်နော် ....