Friday 31 August 2012

ကြက်သားလုံးကင်ချီဟင်းရည်

ဒီနေ့မိုးကလည်း မနက်ကတည်းက အုံ့မှိုင်းပြီးရွာနေတော့တာပဲ... ညနေဘာချက်ရင်ကောင်းမလဲ
စဉ်းစားရင်.. စဉ်းစားလို့ မရတာနဲ့.. အရင်တုန်းက ရိုက်ထားတဲ့ ဟင်းပုံဟောင်းလေးတွေ ပြန်ကြည့်
ဖြစ်ရင်း.. မိုးအေးအေးနဲ့ လိုက်ဖက်မဲ့ ချဉ်ငံစပ်ဟင်းရည်လေးကို ပြောပြပေးချင်ပါတယ်...

ပါဝင်တာကတော့...
(၁) ကင်ချီ ready made ဗူး (NTUC က၀ယ်တာပါ.. ဗူးကုန်နေလို့ မပြရတော့ဘူး)
(၂) ကြက်သားကြိတ်သား ၁ ဗူး (ntuc ကပဲ ၀ယ်တာပါ)
(၃) ပင်အပ်မှိုတစ်ထုပ်
(၄) နံနံပင်၊ ငရုတ်သီးစိမ်း
(၅) တို့ဖူးတပြား
(၆) ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်

# ပထမဆုံး ကြက်သားကို ဆား၊ အချိုမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်တို့နဲ့ နယ်ပြီး လုံးထားပေးပါ။
# ဟင်းရည်တခွက်စာ ရေနွေးအိုးတည်ပြီး ကြက်သားလုံးများကို ပြုတ်ပေးပါ။
# ကြက်သားလုံးများကျက်လျှင် ဆယ်ထားပေးပါ။
# အဲဒီအိုးထဲမှာပဲ ကင်ချီကြိုက်သလောက်ထည့်၊ တို့ဖူးကို အတုံးလေးတွေ လှီးထည့်၊
   ငရုတ်သီးစိမ်းလှီးထည့်၊ ပင်အပ်မှိုထည့်ပြီး အပေါ့အငံမြည်းကာ.. ဆား၊ အချိုမှုန့်၊ ငံပြာရည် 
   ထည့်ပေးပါ။

# ဆူလာလျှင် ဆယ်ထားသော ကြက်သားလုံးလေးများထည့်ကာ နံနံပင် အုပ်ပြီး စားလို့ ရပါပြီ...

No comments:

Post a Comment