Saturday 13 October 2012

Korea, Jeju ခရီးစဉ် (၂)

Jeju မှာ orange အပင် တွေ အိမ်တိုင်းလိုလိုမှာ ရှိပါတယ်... ကျွန်မတို့သွားတဲ့အချိန်တုန်းကတော့ စိမ်းနေတာတွေပဲတွေ့ခဲ့တယ်..
jeju ရဲ့ ရှေးဟောင်းရွာပါ... ရွာတွေရဲ့ အိမ်ခြံဝမှာ ဘေးက အပေါက်ဖောက်ထားတဲ့ ကျောက်တုံး ၂တုံး တစ်ဖက်တစ်ချက်စီထဲကို ၀ါးလုံးလေးတွေထိုးပြီး ကာထားတတ်ပါတယ်..
 ၀ါးလုံး ၁ချောင်းတည်း ဆိုရင်... အိမ်ရှင် အပြင်ခဏသွားတယ်
 ၀ါးလုံး ၂ချောင်းဆိုရင်... အိမ်ရှင် တစ်နေကုန် အိမ်တွင်မရှိ
 ၀ါးလုံး ၃ချောင်း ဆိုရင်... အိမ်ရှင် ၃ရက်လောက်အိမ်မှာမရှိပါပေါ့
ဝါးလုံး ၄ချောင်း တန်းပြီး ကာထားရင်တော့... အဲဒိအိမ်ဟာ မုဆိုးမ နေတဲ့အိမ်ပါ...
အဲဒိ အိမ်ထဲကို ၀င်သွားတဲ့ ယောကျာင်္းက အဲဒိ အိမ်မှာ အမြဲနေရန် ရည်ရွယ်တယ်လို့ သတ်မှတ်တယ်ဆိုပဲ..
ဝါးလုံးချောင်းတွေကို အပေါက်ထဲထည့်ပြီး တန်းမထားပဲ ချထားတယ်ဆိုရင်တော့ အိမ်ရှင်အိမ်မှာရှိတဲ့အတွက် ၀င်ထွက်နိုင်ပါတယ်တဲ့..
jeju ရဲ့ ရှေးဟောင်းရွာပါ.... အခုထိလည်း လူတွေနေသေးပါတယ်... အစိုးရက အဲဒီမိသားစုတွေကို ထောက်ပံ့ထားတယ်လို့ သိရပါတယ်..ဒီလို အရုပ်လေးတွေကိုလည်း နေရာတိုင်းမှာ တွေ့ရပါတယ်.. အဖိုနဲ့အမရှိပါတယ်.. လက်ထားတဲ့ပုံကို ကြည့်ပြီးခွဲခြားပါတယ်.. စဉ့်အိုးဘေးနားက အဖိုပါ.. ဒီဘက်က အမပေါ့.. အမအရုပ်လေးရဲ့နှာခေါင်းကို ကိုင်ရင် ယောကျာင်္းလေးမွေးတတ်တယ်.. နားကိုကိုင်ရင် မိန်းကလေးမွေးတတ်တယ်တဲ့.. ဂိုက်ကရှင်းပြတဲ့အချိန် စလုံးတရုတ်တယောက်က ကျွန်မတို့ကို ပြန်ရှင်းပြတော့.. ကလေးရမယ်ဆိုတာနဲ့ ကျွန်မကနှာခေါင်းကော၊ နားကော ပြိုင်တူကိုင်လိုက်တော့.. ၀ိုင်းရီလိုက်ကျတာ..
မိုးရွာတဲ့ရေကို ဒီလိုမျိုး ခံထားပါတယ်... 
နှစ်ပေါင်း ၃၅၀ သက်တမ်းရှိတဲ့ အိမ်ပါ .... နောက်ပြီးတစ်ခုသိရတာက.. ဂျဲဂျူ ရှေးဟောင်းရွာတွေရဲ့အိမ်မှာ ဟင်းချက်တဲ့ မီးဖို နှစ်ခုရှိရင် အဲဒီအိမ်ကအမျိုးသားက မိန်းမနှစ်ယောက်ယူထားလို့ပါတဲ့...
 ဒါကတော့ ဂျဲဂျူးရိုးရာအိမ်သာပါတဲ့... ၀က်တွေကို အောက်မှာမွေးထားပြီး အဲဒီအိမ်သာကျင်းကတော့ ၀က်တွေရဲ့အစာပေါ့ ..
အိမ်သာတတ်တဲ့ သူဟာ ဒုတ်တစ်ချောင်းကိုင်ထားရပါတယ်... ဘာလို့လဲဆိုတော့ ၀က်က အောက်ကနေလာပြီး ကိုက်တတ်လို့ပါတဲ့... အနားကပ်မလာအောင် ဒုတ်နဲ့ရိုက်ပြီး မောင်းထုတ်ရတယ်တဲ့..

ရွာမှာ လူပျိုလှည့်တဲ့သူတွေက အဲဒီအိုးမှာ မိမိအမည်ရေးပြီးလှည့်ကြတယ်တဲ့..

နေ့လည်စာကို အသားကင်ဆိုင် သွားကြတယ်.. ကျွန်မတို့က ၀က်သားမစားတော့ ကိုရီးယားseafood ပဲကြာဇံကြော်နဲ့ ချဉ်ဖတ်စုံပေါ့...
ဒီလိုဟင်းရံလေးတွေ ကျွန်မတို့ မြန်မာပါးစပ်နဲ့ တော်တော်အဆင်ပြေပါတယ်..
Jeju ရဲ့ အထင်ကရ ခြင်္သေ့ ပုံ ကျောက်ဆောင်ကိုသွားမယ်...

Jeju ရဲ့ အထင်ကရ ခြင်္သေ့ ပုံ ကျောက်ဆောင်ပါ
Joanne Bear Studio ကိုလည်း သွားခဲ့တယ်.. လိုချင်စရာတွေချည်းပဲ.. ပိုက်ဆံထုတ်တဲ့စက်ပါသွားလို့ကတော့ အကုန်ဝယ်တယ်..









jeju မှာရှိတဲ့ buddhist temple ကိုလည်းရောက်ခဲ့ပါသေးတယ်...

dinner ကတော့ seafood noodle  နဲ့ ချဉ်ပတ်စုံပေါ.့.


Jeju မှာ လေအရမ်းတိုက်ပြီးအေးတော့ ကျွန်မတို့နှစ်ယောက်လုံးရဲ့မျက်နှာမှာ အသားဖတ်တွေကွာလာရော.. အဲဒါနဲ့ jeju  underground shopping က Etude House ကနေ ဒီ skin care set လေးဝယ်လိမ်းတာ.. တစ်ရက်တည်းနဲ့သိသာတယ်.. သက်သာသွားတာပဲ.. ဈေးက သိပ်မမှတ်မိတော့ဘူး.. ၀မ်၁၂၀၀၀ လား ၀မ် ၂၀၀၀၀ လားမသိတော့ဘူး.. ဂိုက်ကတော့ ပြောပါတယ်.. ဂျဲဂျူက ဈေးကြီးတယ်တဲ့.. ကျွန်မတို့လည်း မ၀ယ်မဖြစ်လို့ ၀ယ်လိုက်ရတာပါ..

နောက်တနေ့မနက်စောစော jeju ကနေ ၄ နာရီလောက် သဘောင်္စီးပြီး mokpo ဆိုတဲ့မြို့လေးကို သွားပါမယ်... အဲဒီမှာ ဂျူမုံရုပ်ရှင်ရိုက်ခဲ့တဲ့ ရိုက်ကွင်းတည်ဆောက်ထားတဲ့နေရာကို သွားမယ်လေ...

10 comments:

  1. မမရေကိုရီးယားကိုအလည်ရောက်ခဲ့ပါတယ်...

    ReplyDelete
  2. နောက်တနေ့ နေရာသစ်တွေကို သွားလည်အုံးမယ်နော် ညီမလေး လမင်းရေ...

    ReplyDelete
  3. တော်ပြီ ၀က်သားမစားတော့ဘူး ချဉ်ဖတ်ဘဲစားတော့မယ် သီတာ

    ReplyDelete
    Replies
    1. အဲဒါ အရင်တုန်းကပါ မသီတာရေ...:P

      Delete
  4. ဟိဟိ အိမ်သာတောင်ချမ်းသာမပေးခဲ့ဘူးမမက။အသဲယားလိုက်တာ အဲ့ဒီအိမ်သာကိုတက်ရမှာ :D

    ReplyDelete
    Replies
    1. ညီမလေးရေ.. ဗဟုသုတအနေနဲ့ ပြောပြတာပါ... သူတို့ကလည်း ကျကျနနရှင်းပြတာကိုး...:)

      Delete
  5. jeju ကိုအလည်တခေါက်ရောက်ဖြစ်ပါပြီရှင်
    ရှေ့ဆက်မယ့်ဂျူမုံရုပ်ရှင်ရိုက်တဲ့နေရာကိုစောင့်မျော်နေတဲ့
    ခင်မင်စွာဖြင့် jasmine

    ReplyDelete
    Replies
    1. လာအားပေးတာကျေးဇူးပါနော်...

      Delete
  6. Jeju တခွင်ပြဲပြဲစင်အကုန်ကပ်ပြီးလိုက်လည်လိုက်တယ်။
    ချဉ်ဖတ်နဲ့ အမောပြေအကုန်စားသွားတယ်နော်။
    ရှယ်ပေးလို့ ကျေးဇူးပါ။
    အိုင်အိုရာ

    ReplyDelete
  7. လာလည်ပြီးအားပေးတာ ကျေးဇူးပါနော်.. မအိုင်အိုရာ...

    ReplyDelete