ဒီတပတ်ပိတ်ရက် သုံးရက်မှာ စနေနေ့က Kusu island ကို နှစ်ယောက်တည်း သွားဖြစ်တယ်.. အခုအချိန် က ပွဲတော်ရာသီချိန်ဆိုတော့ boat က အချိန်တိုင်းရှိတယ်လေ... marina bay MRT ကနေ Bus 402 ကို တမှတ် တိုင်စီးပြီးသွားရင် marina south pier ကနေ ferry လက်မှတ်သွားပြန်ဝယ်ပြီးသွားရတယ်လေ..
ဒီမှာ ferry information သွားကြည့်လို့ရပါတယ်... ရာသီချိန်ပေမဲ့ ကျွန်မတို့နှစ်ယောက်က နေ့လည် ၃ နာ ရီလောက်မှ သွားတော့ လူတော်တော်ရှင်းတယ်.. ညနေ ၆ နာရီပြန်လာတယ်လေ...
ကျွန်မသူငယ်ချင်း တစ်ယောက်က သောကြောနေ့က သွားခဲ့ပြီး သူပြန်ပြောလို့ ကျွန်မတို့လည်း စိတ်ဝင် စားတာနဲ့ သွားဖြစ်သွားတာပါ.. စိတ်ဝင်စားရတဲ့ အကြောင်းအရင်းကတော့ ကလေးရဖို့ ဆုတောင်း ရင် ပြည့်တယ်ပြောလို့ပါ.. ကဲ အတူတူသွားကြည့်ကြအောင်နော်..
 |
ဒီဘုတ်အ၀ါလေးတွေနဲ့ ၁၅ မိနစ်လောက်စီးရပါတယ်... |
 |
Tour သေဘာၤတစီး.... |
 |
ရောက်ပါပြီ... |
 |
ဒါကတော့ chinese temple ပါ.... |
 |
chinese temple |
 |
အဲဒီအလယ်မှာ ဘာရှိလဲဆိုတော့.... |
 |
wishing well ရှိပါတယ်.... အကြွေစေ့ပစ်ပြီး ဆုတောင်းရပါတယ်... |
 |
Add caption |
 |
ဒါကတော့ သားဆုပန်ဖို့သွားရမဲ့နေရာပါ.. |
 |
လှေကားထစ်ပေါင်း ၁၅၂ ထစ်ရှိပါတယ်... အသွားတလမ်း၊ အပြန်နောက်တလမ်းရှိပါတယ်... |
 |
လှေကားလမ်းတစ်လျှောက်မှာ သားဆုပန်းထားတဲ့ အိတ်နီလေးတွေချိတ်ထားအများကြီးတွေ့ခဲ့ရပါတယ်.. |
 |
ဒီဘက်က ထိုင်နေတဲ့ အန်တီကြီးဆီမှာ စက္ကူစာရွက်တွေအများကြီးနဲ့ ပတ်ထားတဲ့ အမွှေးတိုင် တထုပ် ၂ ကျပ်ပေးရပါတယ်... အဲဒါကိုဝယ်ပြီး သူတို့ပြောတဲ့အတိုင်းအစဉ်လိုက် အမွှေးတိုင်မီးညှိ၊ အမွှေးတိုင်ထွန်းပြီး မလေးအဖိုးကြီးတစ်ဦးက လက်မှာ အ၀ါကြိုးလေးပတ်ပေးပြီးဆုတောင်ပေးပါတယ်... သားဆုပန်ချင်တယ်လို့ပြောရင် အနီရောင်အိတ်ထဲမှာ ကျောက်တုံးလေးတွေထည့်ထားတာလေးကို မလေးလူမျိုးတစ်ယောက်က သစ်ပင်ပေါ်သွားချိတ်ပေးပါတယ်.. သူ့ကို မုန့်ဖိုးပေးရတာပေါ့... |
 |
အဆင်းလှေကား.. |
 |
ရေကျချိန်ဖြစ်နေပြီလေ.. |
 |
ဗျိုင်းလေးတစ်ကောင်တည်း catwalk လျှောက်နေတယ်.... :P |
 |
Add caption |
 |
ပြန်ပြီ တာ့တာ့... |
 |
Marina Bay MRT |
အဲ့ဒီ့ကို သူငယ်ချင်းတစ်ယောက်သွားတုန်းက ဓာတ်ပုံတွေပြဖူးလို့ မြင်ဖူးတယ် ညီမလေးတော့ မရောက်ဖူးဘူး
ReplyDeleteလိပ်လေးတွေ ရှိတာတော့သိတယ်