Friday 12 October 2012

Korea, jeju ခရီးစဉ်(၁)

မနှစ်က Expo မှာ လုပ်တဲ့ Natas ပွဲကနေကိုရီးယားခရီးစဉ်ကို ၀ယ်ဖြစ်ခဲ့တယ်..  တရုတ်ဂိုက် နဲ့မို့ တော်တော်လေးကို အဆင်မပြေဖြစ်ခဲ့ပေမဲ့ ပျော်ခဲ့ရတဲ့ ခရီးစဉ်ပါပဲ... ၀ယ်တုန်းက english guide ရမယ်လို့ သေချာပြောထားပြီး.. သွားတဲ့ခရီးစဉ်မှာ ကျွန်မ တို့နှစ်ယောက်တည်းမြန်မာလေ.. ၁၈ယောက် မှာ ၁၆ ယောက်က စလုံးတရုတ်ဆိုတော့ တရုတ်ဂိုက် ပဲဖြစ်သွားတာပေါ့... ရှန်ဟိုင်းဂိုက်ကော၊ ကိုရီးယား ဂိုက်ကော English လို လုံးဝမရှင်းပြဘူး.. မေး မှ ပြောပြတယ်.. tour တွေနဲ့ ခရီးစဉ်ဝယ်မယ်ဆိုရင် ဒါကို သတိထားရမယ်.. ရှန်ဟိုင်း Transit ဆိုတော့ စလုံးကနေရှန်ဟိုင်းကို ၅ နာရီလောက်စီးရပါတယ်..  Shanghai Int'l Airport ကနေ  Gimpo Int'l Airport (Korea) ကို နှစ်နာရီခန့်ထပ်စီးရတယ်..
ဒါကတော့ Gimpo Int'l Airport မှာပါ.. Transit တွေက အချိန်နီးနီးနေတော့ လေဆိပ်တွေမှာ ဓာတ်ပုံသေချာမရိုက်ဖြစ်ခဲ့ဘူး.. ခရီးဆောင်အိတ်မပျောက်ဖို့နဲ့ တရုတ်စကားမတတ်တဲ့ ကျွန်မတို့နှစ်ယောက် စလုံးတရုတ် ၁၆ ယောက်နဲ့ အုပ်စုမကွဲဖို့အတွက် အရမ်းဂရုစိုက်နေတာလေ...
Gimpo Int'l Airport မှ Korea Domestic Airport ကိုသွားပြီး Jeju သို့ domestic air line ဖြင့် တနာရီကျော်ခန့် စီးပြီး သွားရပါတယ်... လေယာဉ်လက်မှတ်ကို တန်းစီပြီးဝယ်၊ လေယာဉ်ကိုလည်း တန်းစီပြီး တက်ရပါတယ်... ခုံနံပါတ်မရှိပါဘူး..
ဂျဲဂျူ airport မှာ ပထမဆုံးစားဖြစ်တဲ့ ထမင်းလိပ်ပါ..
 ဒီ hotel မှာ နှစ်ညအိပ်ခဲ့ပါတယ်...

အလိုအလျှောက်ရေဖြန်းစက်၊ အခြောက်ခံစက်ပါသော Toilet....
(အေးလို့ ရေမကိုင်ချင်သူများအတွက်ပါ)... အသည်းယားလွန်းလို့ တော်တော်အဆင်မပြေဘူး.. 

Jeju ရောက်ပြီး ပထမဆုံးသွားခဲ့တဲ့ အထင်ကရ နဂါးခေါင်းပုံ ကျောက်ဆောင်ပါ...  
ဂျဲဂျူ ရေသူမ
ဂျဲဂျူ ရေသူမ နားက အကင်ဆိုင်လေး...
Dinner (ဆိုဂျူ၊ ထမင်းလိပ်၊ seafood noodle) 
ဟိုတယ်ကကမ်းနားမှာလေ... ညဘက်လမ်းလျှောက်ပြီး ဟိုငေးဒီငေးပေါ့... လေတိုက်တော့ အသားကုန်အေးတယ်... ကျွန်မတို့သွားတာ စက်တင်ဘာလကုန်ဆိုတော့ သိပ်မအေးသေးဘူးလို့ပြောတယ်...



Breakfast ဆန်ပြုတ်နှင့်တွဲစားသော ချဉ်ပတ်၊

Breakfast Abalone ဆန်ပြုတ်

ဒီစတီးတူသေးသေးလေးနဲ့စားရတာတော်တော်ခက်တယ်...
Jeju ရဲ့ အထင်ကရ တောင်နားက ဘုရားကျောင်း (စရွှီးတော့မယ်..) (တရုတ်လိုမှ မတတ်တာ.. သိသလောက်ပေါ့)
အခုရောက်နေတာဒီတောင်ခြေအောက်မှာပါ.. တောင်ပေါ်တက်မယ်နော်...မောလိုက်တာ..
တောင်ပေါ်စတက်ပြီ..
ရောက်ပြီကွ... ချမ်းလည်းချမ်း မောလည်းမောလိုက်တာ.. ပြန်ဆင်းတော့မယ်... ဘာမှလည်းရှိဘူး...
အဲဒီအောက်ကိုဆင်းရင် ပုလဲငုတ်တာလေ့လာလို့ရတယ်၊ boat လည်းစီးလို့ရပါတယ်.. ကျွန်မတို့က တောင်ပေါ်တက်လိုက်မိတော့ .. ပေးထားတဲ့အချိန်မလောက်တော့ဘူး.. tour နဲ့သွားတာ အဲဒါဆိုးတယ်.. မြန်မြန်နဲ့...
ခုနက တောင်ခြေကနေ ၅ မိနစ်လောက် ကားစီးလိုက်ရင် အွန်စော ရုပ်ရှင်ရိုက်တဲ့ church ကိုရောက်ပါတယ်..

ဒီကနေ နေ့လည်စာစားဖို့သွားကြပြီး.. ရှေးဟောင်းရွာတစ်ရွာကိုဆက်သွားပါတယ်..
ပုံတွေများသွားပြီ.. နောက်နေ့မှပဲ ဆက်တော့မယ်နော်..

7 comments:

  1. ညီမလည်း ကိုရီးယားရောက်ဖူးချင်လိုက်တာ
    အရမ်းလှတာပဲ :)
    မ ဒါနဲ့လေ... ညီမလေး ဘလော့ကို အမြဲလာလည်ပေးတာ ကျေးဇူးအရမ်းတင်ပါတယ်နော်
    ဒါပေမယ့်လေ ညီမလေး ဘလော့ ဆက်မရေးဖြစ်တော့ဘူး
    မ ဆီတော့ အမြဲလာလည်မှာပါ
    သတိရနေပေးနော် :)
    ဆူဇီ

    ReplyDelete
    Replies
    1. ညီမလေးဆူဇီရေ.. တချိန်ချိန်မှာ အချိန်ရခဲ့ရင် blog ပြန်ရေးနော်...
      “မ“ ကို အမြဲအားပေးတဲ့ ချစ်စရာကောင်းတဲ့ ညီမလေးကို ဘယ်တော့မှ မမေ့ပါဘူး..
      လာလည်နော်ညီမလေး...

      Delete
  2. ဓါတ် ဓါတ်တွေလှတယ်တော့ ထမင်းလိပ်စားချင်တယ် သီတာ

    ReplyDelete
    Replies
    1. ၀တုတ်တုတ်ရုပ်ဆိုးဆိုး ညီမ ပုံတွေ မပါတော့ လှနေတာပေါ့မသီတာရေ... :P
      ကိုရီးယားသွားတော့ ၀က်သားမစားတဲ့ ညီမတို့နှစ်ယောက် အသီးအရွက် ထမင်းလိပ်၊ ခေါက်ဆွဲမျိုးစုံပြုတ်နဲ့ပဲ စားခဲ့ရတယ်...

      Delete
  3. မမကသူညားအားကျအောင် ခရီးသွားပုံတွေတင်ထားတယ်။လိုက်လည်ချင်တယ်။ထယ်ဆောက်လေးနဲ.တွေ.ရအောင်လေ။:D

    ReplyDelete
    Replies
    1. blog လာလည်တဲ့သူတွေ စိတ်ပျော်အောင်ပါညီမလေးရာ... စိတ်ညစ်စရာတွေပဲတင်နေရင်.. လာမလည်တော့မှာစိုးလို့ပါ...
      ထယ်ဆောက်နဲ့ မတွေ့ခဲ့ပါဘူးညီမလေးရေ... လိုက်လည်လေ.. ဒီနေ့ နောက်တစ်ခုသွားမယ်နော်...

      Delete
  4. ဆိုင်းဘုတ်မှာ ရေးထားတဲ့အရ တောင် တစ်လုံးလုံးရဲ့ အရှေ့ဖက်မှာ ဆောက်ထားတဲ့ ဘုရားကျောင်းတဲ့..
    ပြီးတော့ ဂိုက်က လူလည်ကျပြီး မနက်စောစော ခေါ်မသွားတာလား မသိဘူးနော်..
    သူရေးထားတဲ့အရ မနက် နေထွက်တာကို မြင်ရတဲ့ တောင်ထွတ်လို့ အနက်ရတဲ့ စာသားကို တွေ့တယ်..
    ဘာပဲဖြစ်ဖြစ် ရောက်ဖူးသွားတာ အမြတ်ပေါ့..=)
    -m

    ReplyDelete