Saturday 6 October 2012

လွယ်လွယ်ကူကူဟင်းရည်သောက်များ (၁)

ပြောင်းဖူးနဲ့ကြက်ဥ ဟင်းချိုပါ..ရေပွက်ပွက်ဆူထဲကို ကြက်သားမှုန့်အနည်းငယ်ထည့်ပြီး  ပြောင်းဖူးကို အပိုင်းလေးတွေပိုင်းထားတာထည့်ပြီးနူးအောင်တည်ပါ..ပြောင်းဖူးနူးလျှင်  ကြက်ဥတစ်လုံးကို မွှေကာထည့်ပြီး ဆား၊ အချိုမှုန့်ခတ်ကာ စားလို့ရပါပြီ..
fish ball နဲ့ မုန်ညှင်းဟင်းချိုပါ.. ရေနွေးပွက်ပွက်ဆူထဲကို ကြက်သားမှုန့်ထည့်ပြီး fish ball ကို ပါးပါးလှီးထည့်ကာ fish ball ကျက်အောင် တည်ပါ.. ကျက်လျှင် မုန်ညှင်းကို ထည့် ဆား၊ အချိုမှုန့်၊ ငရုတ်ကောင်းခတ်ကာ.. စားသုံးလို့ရပါပြီ..
seabass ငါးခေါင်းဟင်းချိုပါ..  ငါးခေါင်းသန့်စင်ကာ ထက်ခြမ်းခြမ်းပြီး ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ငရုတ်ကောင်းနှင့် နယ်ထားပါ.. ပြီးလျှင် အိုးတလုံးထဲမှာ.. နယ်ထားတဲ့ငါး၊ ရေ၊ ဂျင်းအနည်းငယ်.. ထည့်ပြီး ဆူအောင်တည်ပါ.. ဆူလာလျှင် အရသာအပေါ့အငံမြည်းပြီး.. နံနံပင်အုပ်ကာ စားလို့ရပါပြီ..
fish ball ၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုဟင်းခါး... ရေနွေးပွက်ပွက်ဆူထဲမှာ.. ကြက်သားမှုန့်အနည်းငယ်ထည့်ပြီး fish ball ကို ကျက်အောင်တည်ပါ.. ကျက်လာလျှင်.. ရေစိမ်ထားပြီးပွနေသော ကျောက်ပွင့်နှင့် ကြွက်နားရွက်မှိုကို သေးသေးလေးတွေ ညှပ်ပြီးထည့်ပြီးတည်ပါ.. ကျက်လျှင် ဆား၊ အချိုမှုန့်၊ ငရုတ်ကောင်းခတ်ကာ စားလို့ရပါပြီ...
အသီးအရွက် တုံရမ်းချဉ်စပ်... ရေနွေးဆူဆူထဲမှာ တုံရမ်းအနှစ်ထည့်ပြီး.. မုန်လာဥနီ၊ မုန်ညှင်း၊ ဂေါ်ဖီထည့်ကာ ဆူလာလျှင် ဆား၊ အချိုမှုန့် ခတ်၊ နံနံပင်အုပ် စားလို့ရပါပြီ...
ရေနွေးဆူဆူထဲမှာ.. ကြက်သွန်ဖြူ၊ ပုဇွန်ဆိတ်သေးသေးခြောက်ခတ်ပြီး ဒန့်သလွန်ရွက်ထည့်၊ ဆား၊ အချိုမှုန့်၊ ငရုတ်ကောင်းခတ်ပြီး စားလို့ရပါပြီ...
အသီးအရွက်နဲ့ seabass ငါးခေါင်းဟင်းချို...အိုးတလုံးထဲမှာ.. ငါးခေါင်းကို ဆား၊ အချိုမှုန့်၊ ငရုတ်ကောင်း၊ ရေအနည်းငယ်ထည့်ပြီး ဆူအောင် တည်ပေးပါ.. ဆူလာလျှင်.. ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ ငရုတ်ပွ၊ ကြက်သွန်နီ ပါးပါးလှီးတာထည့်ပြီး ကျက်လျှင် စားလို့ရပါပြီ...

10 comments:

  1. မမရေဟင်းရည်တွေအကုန်လမင်းနဲ့ အိုကေတယ် ... တစ်ခုခုဆိုအလွယ်ကြိုက်တတ်တော့ အဆင်ပြေတယ် မမ ပြောင်းဖူးဟင်းရည်မချက်ဖူးဘူး..ကျေးဇူးမမ

    ReplyDelete
    Replies
    1. ညီမလေး လမင်းရေ... ပြောင်းဖူးဟင်းရည်စမ်းချက်ကြည့်ညီမလေး.. ကောင်းတယ်..
      အမျိုးသားက ဟင်းရည်ပါမှ စားတတ်တော့ အိမ်မှာရှိနေတာလေးတွေနဲ့မရိုးအောင် ကြံဖန်ချက်ရတာပေါ့..
      လွယ်တာလေးတွေပဲ ချက်တတ်တာလေ.. :P
      အမြဲတမ်းလာအားပေးလို့ ကျေးဇူးအရမ်းတင်တယ်နော်.. ညီမလေးလမင်း...

      Delete
  2. အလွယ်ပာင်းလေးတွေ သီတာအတွက်အိုကေဘဲ သီတာ

    ReplyDelete
  3. အဆင်ပြေလိုက်တာ အကုန်လုံးအရသာရှိမယ့်ပုံပဲ :D
    ညီမ ဟင်း ကျွမ်းကျွမ်းကျင်ကျင်မချက်တတ်တော့ အဆင်ပြေတယ်
    ငါးမပါတဲ့ဟင်းချိုတွေအကုန်ကြိုက်တယ်
    လုပ်စားကြည့်ဦးမယ် :)

    ReplyDelete
    Replies
    1. လုပ်စားကြည့်ညီမလေး suzy ရေ....

      Delete
  4. wowwww... မိုက်တယ် အရမ်းလွယ်တာပဲ... ပြောင်းဖူးနဲ့ကြက်ဥဟင်းရည် တခါမှ မသောက်ဖူးဘူး.. စမ်းလုပ်ကြည့်ဦးမယ် :D

    ReplyDelete
    Replies
    1. လိမ်မာပါတယ်ကွာ... ပြောင်းဖူးဟင်းရည်ကောင်းတယ်... ထမင်းနဲ့မဟုတ်ပဲ ဒီတိုင်းသောက်တောင်ကောင်းတယ် candy လေးရေ...

      Delete
  5. မိုက်တယ်။ ချက်ရလွယ်ရင် အကုန်ကြိုက်တယ်။ :D

    ReplyDelete
    Replies
    1. “မ“ လိမ်မာပါတယ်ဆို.. လာအားပေးတာကျေးဇူးနော်.. ညီမလေး မြတ်ကြည်..

      Delete