Wednesday 17 October 2012
ကိုရီးယားရှေးဟောင်းကျေးရွာနဲ့ဘုရားကျောင်းသွားမယ်..
ဒီနေ့မနက်စောစောကတည်းကရွာလိုက်တဲ့မိုး... ခဲလေသမျှသဲရေကျ ဖြစ်ကုန်ပါပြီ.. လက်ဖက်စိုက်ခင်းစိမ်း စိမ်းလေးမှာ ဓာတ်ပုံရိုက်မယ်လို့ တွေးထားတာ.. ခုတော့. ရေနွေးချမ်းပဲ သောက်ပြီး ပြန်ခဲ့ရတယ်...
လက်ကိုင်လေးပါတဲ့အိုးထဲမှာ.. လက်ဖက်ခြောက်နဲ့ရေနွေးကို နှပ်ထားပြီး.. ဘေးက ဇောက်ပန်းကန်ထဲကိုထည့်၊ အဲဒီဇောက်ပန်းကန်ကနေမှ သောက်မဲ့ ခွက်တွေထဲထည့်ပြီးသောက်ရတယ်တဲ့... သူတို့လက်ဖက်ခြောက်က တမျိုးပဲ သောက်လို့တော်တော်ကောင်းတယ်..
မိုးတွေရွာနေလိုက်တာ... ဒီနေ့သွားမဲ့နေရာတွေကလည်း များတယ်လေ...
ရှေးဟောင်းကားတွေရိုက်တဲ့ ရိုက်ကွင်း ရွာလေးကိုသွားမှာပါ..
ဝင်ပေါက်
ကလေးလေးတွေ လေ့လာရေးခရီးထွက်လာတာလေ..
မိုးတွေရွာနေတော့ မိုးကာဝတ်ပြီးသွားနေရတာပေါ့..
တရားစီရင်တဲ့နေရာလေ...
ငမိုက်သားကို ကြိမ်ဒဏ်ပေးတော့မယ်..
Add caption
ကျောက်စရစ်ခဲလေးတွေပုံပြီး ဆုတောင်းတာ ရုပ်ရှင်ကားတွေထဲမှာ မြင်ဖူးတယ်နော်.. အပြင်မှာလည်း နေရာအနှံ့အပြားမှာတွေ့မိတယ်...
ပန်းပဲဖိုလုပ်ငန်းအကြောင်းလာရိုက်နေကြတာလေ..
နေ့လည်စာ ကိုရီးယားထမင်းသုပ် အကြိုက်ဆုံးပဲ...
နေ့လည်စာစားတာ ဒီတောင်ခြေကဆိုင်မှာလေ... ဒီဆိုင်းဘုတ်ကျော်ပြီးရင် တောင်တက်လမ်းတွေစမယ်...
အားမလျော့နဲ့ တက်ကျမည်.. ရောက်ခါးနီးပါပြီဆိုပြီး တစ်နာရီနီးပါး လျှောက်ရတယ်.. ဒါပေမဲ့ တောတောင်လေးက သာယာတော့ မောတာတွေမေ့ပေါ့... မိုးကလည်း ရွာလိုက်၊ တိတ်လိုက်နဲ့...
လမ်းတစ်လျှောက်တွေ့သမျှရိုက်...
ဟော.... ရောက်ပြီ.. အေးချမ်းလိုက်တာ.. ဒါပေမဲ့ မိုးကလည်းအေး... ဒီနေ့သွားထားတာတွေကလည်းများတော့ ကျွန်မခြေထောက်တွေအတော်နာနေပါပြီ...
လှတယ်နော်.. ရူခင်းလေးတွေ...
ကျွန်မတို့ကို JS cuisine Academy ကိုခေါ်လာပြီး ဟင်းချက်နည်းတစ်ခုကို သင်ပေးပြီး ကိုယ်တိုင် ချက်ရပါတယ်...
ပါဝင် တာကတော့.. မုန်လာဥ၊ ငနီတူ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ရေညှိ၊ နှမ်းဆီ၊ ပဲငံပြာရည်၊ဂျုံ၊(အရောင်နှစ်မျိုးအတွက် အရောင်မှုန့်) ဦးစွာ... မုန်လာဥနီ၊ ငနီတူ၊ ကြက်သွန်ဖြူ၊ ရေညှိနည်းနည်း နဲ့ကို ရေနဲ့ ပြုတ်ထားရပါမယ်... တော်တော်လေး ဆူလာပြီဆို အရည်ကို စစ်ထားပြီ အဖတ်တွေကို လွင့်ပစ်ရပါတယ်... နောက် နှမ်းဆီနဲ့ ကြက်သွန်ဖြူကိုဆီသတ်၊ ရေညှိ ကျန်တာ ထည့်ပြီး ကျက်လျှင် ရေထည့်ပြီး မီးအေးအေးလေးနဲ့ တည်ထားပါ... ဂျုံမှုန့်နယ်ပြီး... အဖြူ တစ်လုံး၊ ပန်းရောင်တစ်လုံး၊ အ၀ါတစ်လုံးလုပ်ထားပါ.. ဟင်းအိုးဆူလျှင် ဂျုံလုံး သုံးရောင်ကို နည်းနည်းဆီ ဖဲ့ ပြားပြီး အိုးထဲထည့်ပါ... အပေါ့ အငံ မြည်း၊ ပုဇွန်ခြောက်ထည့်၊ ဂျုံ ကျက်လျှင် စားလို့ရပါပြီ ...
စားလို့ကောင်းလိုက်တာ.. ကိုယ်တိုင်ချက်နော်...
ကဲ ဒီမှာ တညတည်းအုံးမယ်....
ညဈေးတန်းလျှောက်သွား၊ လျှောက်စား၊ လျှောက်ငေး
dinner
dinner
နောက်တနေ့မနက်စောစော ကျည်ဆံရထားစီးပြီး.. ဂျင်ဇင်းစိုက်ခင်း၊ ကင်ချီကိုယ်တိုင်လုပ်မဲ့နေရာ၊ everland ကစားကွင်းသွားမယ်နော်...
14 comments:
  1. မြန်မာပြည်မှာလည်း နန်းတွင်းတွေကို သေချာပြင်ဆင်ပြီး ဒီလိုလေ့လာလို.ရအောင်လုပ်ပေးရင်ကောင်းမှာ။ကလေးတွေကိုလည်း သွားပြီးလေ့လာခိုင်းတာမျိုးကောပေါ့။Ahthuတို.ကျောင်းမှာတော့ သွားခိုင်းတာမျိုးရှိတယ်။ထိရောက်မှုတော့သိပ်မရှိဘူးအစိုးရကျောင်းတွေမှာလည်း ကလေးတွေကိုလေ့လာရေးသွားခိုင်းတာမျိုးလုပ်ခိုင်းသင့်တယ်။ကလေးတွေ ကိုယ့်လူမျိုးရဲ.သမိုင်းတွေသိအောင် အစီအစဉ်လေးတွေလုပ်ပေးရင်ကောင်းမယ်။
    ReplyDelete
    Replies
    1. ဟုတ်တယ်ညီမလေး.. “မ“ တို့ငယ်ငယ်တုန်းကတော့ အများဆုံးလေ့လာရေးသွားရတာ တပ်မတော်ခန်းမတစ်ခုထဲပါပဲ.. စလုံးမှာလဲ.. science center ဆိုရင် တော်တော်လေးလေ့လာစရာတွေများတယ်.. ကလေးတွေအတွက် လက်တွေ့ပြထားတာတွေလည်း အများကြီးပဲ... နောက်မှ ပုံလေးတွေ တင်အုန်းမယ်...
      Delete
  2. ကိုယ်တိုင်ရောက်နေရသလိုပဲ။ ရှုခင်းတွေတော်တော်လှတယ်အစ်မရေ။
    ReplyDelete
    Replies
    1. လာအားပေးတာကျေးဇူးပါကွယ်....
      Delete
  3. jas ကကိုးရီးယား ရာဇ၀င်ကားတွေပဲကြည့်တော့အတော်လေးသဘောကျမိတယ်
    ခဏခဏကို ပြန်ကြည့်နေတာလေ
    အဲဒီရှုခင်းတွေလဲ ရုပ်ရှင်ထဲမှာကြည့်ဖူးတယ်
    ခုကြည့်ရတော့ပိုပြီးလှနေသလိုပဲနော်
    ဆက်ရန်လေးကိုလဲစောင့်နေပါတယ်
    ခင်မင်တဲ့ sis jasmine
    ReplyDelete
    Replies
    1. ကိုရီးယားဇာတ်လမ်းတွေကောင်းတာလည်းမပြောပါနဲ့.. သူတို့က ရိုက်ကွင်းကို သေသေချာချာဆောက်ထားတာကိုး...
      ရူခင်းတွေကတော့ မြင်မြင်သမျှအကုန်လှပါပဲ...
      လာလည်တာကျေးဇူးပါနော်..
      Delete
  4. ဓာတ်ပုံလေးတွေအရမ်းကြည့်ကောင်းပါတယ်
    ဟင်းတွေလည်းအများကြီးတွေ့ရလို့
    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါတယ်.. ကြိုက်သလောက်သာယူသွား၊ စားသွားပါနော်..
      Delete
  5. မမကျွေးသမျှအကုန်စားသွားတယ် ဟီး ကိုယ်မရောက်ဖူးတဲ့နေရာလေးတွေကိုအခုလိုတင်ပေးတာကျေးဇူးမမ
    ReplyDelete
    Replies
    1. စားသွားပါနော် ညီမလေးလမင်း.. ဟုတ်ကဲ့ပါရှင်...
      Delete
  6. ကိုးရီးယားကိုသွားလည်ချင်နေတာနဲ. အတော်ပဲ ညီမလေး ရေ... တော်တော်စုံစုံလင်လင်ရောက်ဖူးသွားပြီ...း)
    ReplyDelete
    Replies
    1. လာလည်တာကျေးဇူးပါနော်မချောစု.. ထပ်တင်အုံးမယ်နော်အမ...
      Delete
  7. ကိုရီးယားသွားလည်နေတယ်ပေါ့... မရောက်ဖြစ်တာ မကြာသေးဘူး သူက ကိုရီးယားရောက်နေပြီ ဟီးးးး
    ဘာလက်ဆောင်ပါလဲ :P :P
    ReplyDelete
    Replies
    1. candy လေးရေ... မနှစ်က သွားထားတာပါညီမလေး.. နောက်တခေါက်ခရီးထွက်ဖြစ်ရင် လက်ဆောင်ဝယ်ခဲ့မယ်နော်..
      Delete