Sunday 29 July 2012

အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် ဆောင်ရန်ရှောင်ရန်

ဒီနေ့တော့ angle ရန်ကုန်မှာနေတုန်းကအားရင် မဂ္ဂဇင်းတွေဖတ်ပြီးဆေးပညာဗဟုသုတလေးတွေကိုစာအုပ် နဲ့ရေးမှတ်ထားတတ်တဲ့အကျင့်ရှိပါတယ်..ကိုယ်တိုင်ဖြစ်နေတာလေးတွေအတွက်ကော၊ အခြားသူတွေဖြစ် လာရင်လည်း ပြောပြနိုင်တာပေါ့.... အဆစ်အမြစ်ရောင်ရမ်းတာကကိုယ်တိုင်လည်းခံစားခဲ့ရတာကြာင့် မျှဝေ ပေးတာပါ... အမှားပါရင် ပြင်ဆင်ဖတ်ရှုပေးပါနော်...

ဆောင်ရန်
(၁) ရေများများသောက်ရပါမယ်...
(၂) ထိုင်လျှင် ခွေးခြေပုပေါ်ခြေထောက်တင်ထိုင်ရန် ...
(၃) အိပ်ရာဝင်လျှင် ခြေထောက်ကို အမြင့်တွင်ထားရန်... (စောင်ထူထူလေးခုရင်အဆင်ပြေပါတယ်)
(၄) ညအိပ်လျှင် ခြေသလုံး လုံအောင် ဘောင်းဘီရှည်ဝတ်အိပ်ပါ။
(၅) ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ၊ ပျားရည်စစ်စစ်နဲ့ သကာရည် စားသုံးလို့ရပါတယ်..
(၆) ရေနွေးနဲ့ ရေချိုးပါ...

ရှောင်ရန်
(၁) သကြားမစားရပါဘူး..
(၂) အရက်၊ ဒိန်ခဲ၊ တာရှည်ခံပြုပြင်ထားသောအစာများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆာဒင်းငါး၊  ပင်လယ် ငါးသလောက်၊ ဆီကြော်အစားအစာများ၊ ဌက်ပျောသီး၊ သစ်တော်သီး၊ ပဲကြီး၊ ရုံးပတေသီး၊ အသည်းများ၊ အငန်ဓာတ်လွန်ကဲသောအစာများ၊ အနီရောင်ရှိသောအသားများ၊ ခရမ်းချဉ်သီး 
(၃) မတ်တပ်ရပ်ပြီးအလုပ်ကို ကြာကြာမလုပ်ပါနဲ့... (နာရီဝက်တခါလောက်နားပေးပါ။)

 angle အတွက်တော့ အားလုံးကိုမလိုက်နာနိုင်ပေမဲ့... အနီရောင်အသား၊ အသည်း၊ ဆီကြော်အစားအစာတွေ နဲ့ဟင်းခတ်အမွှေးအကြိုင်များလွန်တာကိုရှောင်ဖြစ်ပါတယ်.. ခရမ်းချဉ်သီးကိုတော့ အရမ်းကိုက်ခဲနေတဲ့ အချိန်ဆို ရှောင်ဖြစ်ပါတယ်... နောက်ပြီးရေအေးနဲ့မချိုးပဲ ရေနွေး လေးနဲ့ချိုးတာဟာလည်း သက်သာစေပါ တယ်...ညအိပ်ရင်လည်း ခြေသလုံးလုံအောင် ၀တ်ပြီးအိပ်ဖြစ်ပါတယ်.. ဒါလေးတွေကိုပဲ ရှောင်လိုက်တာနဲ့ angleအဆစ်အမြစ်ရောင်တာ ..အရှင်းမပျောက်ပေမဲ့ေ တ်ာတော် လေးသက်သာနေပါပြီ...

2 comments:

  1. ဖြစ်ဖို့အလားအလာရှိနေတော့
    ဆောင်ရန်၊ရှောင်ရန်လေးတွေမှတ်သားသွားပါတယ်း)

    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်..

    ReplyDelete
    Replies
    1. သမီးစံရေ.. comment က auto spam ဖြစ်သွားလို့ အခုမှ ပြန်ရှာတွေ့တာ...
      ရှောင်ထားတာ မမှားဘူးပေါ့.. အဆစ်အမြစ်ကိုက်တာ အရမ်းခံရခက်တာပဲ..

      Delete