Saturday 28 July 2012

ဂဏန်းအသားကြက်ဥမဆလာချက်ဆလတ်ရွက်ထုတ်

ဒီနေ့တော့ angle ရဲ့ ၀ါသနာတစ်ခုဖြစ်တဲ့ ဟင်းချက်နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်..
ကျွမ်းကျင်အဆင့်မဟုတ်ပါဘူး။ ဟင်းချက်နည်းတွေရေးတဲ့ blogger များရဲ့ချက်နည်းတွေနဲ့၊ angle ရဲ့ စိတ် ကူးလေးကို ပေါင်းပြီး အမျိုးသားကို ချက်ပြုတ်ကျွေးဖြစ်တာလေးတွေပါ...

ချက်ရန်လိုအပ်တာတွေကတော့ ...
၁) ဂဏန်းသားတစ်ထုပ် ( gm မမှတ်မိလို့ပါ) (anlge ကတော့ fairprice က၀ယ်တာပါ... ၃ကျပ်ခွဲပေးရပါတယ်)
၂) ကြက်ဥတစ်လုံး
၃) ကြက်သွန်တစ်လုံး
၎) ငရုတ်သီးစိမ်း (စားနိုင်သလောက်)
၅) နံနံပင်
၆) ငံပြာရည်
၇) မဆလာ ( အနည်းငယ်)
၈) ဆလတ်ရွက်
၉) ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့် အနည်းငယ်
၁၀) ခရမ်းချဉ်သီးတစ်လုံး
၁၁) ဆီ အနည်းငယ် (ဆီများသွားရင်စားလို့မကောင်းပါဘူး)(ခြောက်ခြောက်လေးမှ စားလို့ကောင်းပါတယ်)

ပထမဆုံး... ကြက်သွန်နီနဲ့ငရုတ်သီးစိမ်းကို ရောပြီမညက်တညက်ကြိတ်ပါတယ်။အဲဒီအရောကိုဆီသတ်ပါ။ ကျက်လျှင် နနွင်းမှုန့်၊ အရောင်တင်မှုန့်ထည့်ပြီး ခရမ်းချဉ်သီးကို ကြေအောင် ချေပေးပါ။ ပြီးလျှင် ဂဏန်းသားကို ထည့်ပြီး မွှေပေးပါ... ရေအနည်းငယ်ထည့်ပေးပါ။ အသားကျက်ရန်ဖြစ်သည်။ ဆား၊ ငံပြာရည်၊ ဟင်းချက်မှုန့်တို့ကို အပေါ့အငန်မြည်းပြီးထည့်ပါ။ ( ငန်သွားလျှင်စားလို့မကောင်းပါ)။ အသားကျက်လျှင် ကြက်ဥတစ်လုံးကို ဖောက်ထည့်ပြီး မွှေပေးပါ... ကြက်ဥနှံ့ပြီး ကျက်ပြီဆိုလျှင် မဆလာ၊ ခတ်ပြီး အဖုံးအုတ်ပေးထားပါ။ အနံ့မွှေးလာလျှင် နံနံပင် နုတ်နုတ်စဉ်းထားတာကို ထည့်မွှေပြီး အဖုံးပိတ်ကာ.. မီးပိတ်လိုက်ပါ... ခပ်ခြောက်ခြောက်လေးဖြစ်သွားပြီဆို ... စားလို့ရပါပြီ... ဆလတ်ရွက်ထဲကို တကိုက်စာ ဂဏန်းသားဟင်းထည့်ပြီး စားလိုက်တော့.... angle ကတော့ အရမ်းကြိုက်ပါတယ်...

4 comments:

  1. ဂဏန်းမဆလာကို အရမ်းကြိုက်တယ် :D :D

    ReplyDelete
    Replies
    1. အိမ်မှာလာစားပါညီမလေး...

      Delete
  2. ဟင်းချက်နည်းဘလော့လေး နောက်တစ်ခုတိုးပြီပေါ့။ ကြိုဆိုပါတယ် :-)

    ReplyDelete
    Replies
    1. ကြိုဆိုတာကျေးဇူးပါညီမလေး... ညီမလေး Blog က ကိတ်လေးတွေကို အရမ်းသဘောကျတယ်...စမ်းလုပ်ကြည့်လို့ဖြစ်ရင် တင်မယ်နော် ...

      Delete