Friday 26 October 2012

Raspberry Wine Vinegar နဲ့ချက်တဲ့ အမဲသား...


ဒီဟင်းချက်ဖြစ်ပုံကတော့..ဇာတ်လိုက်က Raspberry Wine Vinegar ပုလင်းလှလှလေးပါ.. IMM က Gaint ကိုသွားတော့ ပုလင်းလေးက လှတာနဲ့ဝယ်ထားတာကြာပြီ.. ဘာနဲ့ချက်စားရမှန်း မသိဘူးဖြစ်နေ တာလေ...စနေနေ့မဟုတ်ရင်တနင်္ဂနွေတရက်ကိုတပတ်စာဈေးသွားထားတာဆိုတော့..အိမ်မှာ နောက်ဆုံး
လက်ကျန် Stir Fry beef ပဲရှိတော့တယ်.. အဲဒါနဲ့ အဲဒီဝိုင်လေးနဲ့ နှပ်ပြီး ချက်ကြည့်မယ်ဆိုပြီး စမ်းသပ်ပြီးချက်လိုက်တာ.. တော်တော်စားကောင်းတယ်.. တစ်လတည်း သုံးခါတောင် ချက်စားဖြစ်တယ်.. ကြိုက်လွန်းလို့.. လွယ်လည်း လွယ်ပါတယ်...

ပါဝင်တာကတော့..
(1) Stir Fry Beef 
(2) Raspberry Win Vinegar 
(3) Dry Rosemary Leaves
(4) ငရုတ်ကောင်းခွဲခြမ်း
(5) ငရုတ်သီးအကြမ်းဖတ်
(6) ကြက်သွန်နီ ၁ လုံး... (သေးလျှင် ၂ လုံး)
(7) ကြက်သွန်ဖြူနည်းနည်း၊ ဂျင်းနည်းနည်း
(8) ဆား၊ အချိုမှုန့်၊ ဆီ

# ပထမဆုံး.. beef ကို ၀ိုင်နည်းနည်း၊ Rosemary ၊ ငရုတ်ကောင်းခွဲခြမ်း၊ ဆား၊ အချိုမှုန့်တို့နဲ့နယ်ပြီး 
   နာရီဝက်လောက် အဖုံးပိတ်နှင့် နှပ်ထားပေးပါ..
# ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ပါးပါးလှီးထားပါ...
# ဆီအနည်းငယ်ထည့်ပြီး (ဆီများသွားလျှင် စားလို့မကောင်းပါ).. ကြက်သွန်ဖြူ၊ ဂျင်းကို ဆီသတ်ပါ.. 
# မွှေးလာလျှင် ကြက်သွန်နီ ထည့်ပါ.. ကြက်သွန်နီနွမ်းလာပြီဆိုလျှင် ငရုတ်သီးအကြမ်းဖတ် ထည့် 
    ပြီး မွှေပေးပါ..
# နှံ့သွားပြီဆိုလျှင် အမဲသားနှပ်ထားတာထည့်မွှေပြီ.. မီးအေးအေးနဲ့ ၁၀ မိနစ်ခန့်အဖုံးပိတ်ပြီး 
   တည်ပေးပါ...
# အမဲသားကထွက်လာတဲ့ရေကုန်ပြီး. ဆီပြန်လာလျှင် စားလို့ရပါပြီ...

3 comments:

  1. ၀ိုင်ဘူးလေးက ချစ်စရာလေး :)

    ReplyDelete
    Replies
    1. ဟုတ်တယ်ညီမလေး... “မ“ ရဲ့ဝါသနာက kitcken အသုံးအဆောင်တွေ၊ အစားအသောက်တွေကို ချစ်စရာလေးတွေဆို ၀ယ်တတ်တယ်...:P

      Delete
  2. မဆိုးဘူးနော်။

    ReplyDelete