Monday 29 October 2012

Kusu island သို့ အလည်တခေါက်...

ဒီတပတ်ပိတ်ရက် သုံးရက်မှာ စနေနေ့က Kusu island ကို နှစ်ယောက်တည်း သွားဖြစ်တယ်.. အခုအချိန် က ပွဲတော်ရာသီချိန်ဆိုတော့ boat က အချိန်တိုင်းရှိတယ်လေ... marina bay MRT ကနေ Bus 402  ကို တမှတ် တိုင်စီးပြီးသွားရင် marina south pier ကနေ ferry လက်မှတ်သွားပြန်ဝယ်ပြီးသွားရတယ်လေ.. ဒီမှာ ferry information သွားကြည့်လို့ရပါတယ်... ရာသီချိန်ပေမဲ့ ကျွန်မတို့နှစ်ယောက်က နေ့လည် ၃ နာ ရီလောက်မှ သွားတော့ လူတော်တော်ရှင်းတယ်.. ညနေ ၆ နာရီပြန်လာတယ်လေ... 

ကျွန်မသူငယ်ချင်း တစ်ယောက်က သောကြောနေ့က သွားခဲ့ပြီး သူပြန်ပြောလို့ ကျွန်မတို့လည်း စိတ်ဝင် စားတာနဲ့ သွားဖြစ်သွားတာပါ.. စိတ်ဝင်စားရတဲ့ အကြောင်းအရင်းကတော့ ကလေးရဖို့ ဆုတောင်း ရင် ပြည့်တယ်ပြောလို့ပါ.. ကဲ အတူတူသွားကြည့်ကြအောင်နော်..

ဒီဘုတ်အ၀ါလေးတွေနဲ့ ၁၅ မိနစ်လောက်စီးရပါတယ်...
Tour သေဘာၤတစီး....
ရောက်ပါပြီ...

ဒါကတော့ chinese temple ပါ....

chinese temple
အဲဒီအလယ်မှာ ဘာရှိလဲဆိုတော့....

wishing well ရှိပါတယ်.... အကြွေစေ့ပစ်ပြီး ဆုတောင်းရပါတယ်...
Add caption


ဒါကတော့ သားဆုပန်ဖို့သွားရမဲ့နေရာပါ..

လှေကားထစ်ပေါင်း ၁၅၂ ထစ်ရှိပါတယ်... အသွားတလမ်း၊ အပြန်နောက်တလမ်းရှိပါတယ်...

လှေကားလမ်းတစ်လျှောက်မှာ သားဆုပန်းထားတဲ့ အိတ်နီလေးတွေချိတ်ထားအများကြီးတွေ့ခဲ့ရပါတယ်..

ဒီဘက်က ထိုင်နေတဲ့ အန်တီကြီးဆီမှာ စက္ကူစာရွက်တွေအများကြီးနဲ့ ပတ်ထားတဲ့ အမွှေးတိုင် တထုပ် ၂ ကျပ်ပေးရပါတယ်... အဲဒါကိုဝယ်ပြီး သူတို့ပြောတဲ့အတိုင်းအစဉ်လိုက် အမွှေးတိုင်မီးညှိ၊ အမွှေးတိုင်ထွန်းပြီး မလေးအဖိုးကြီးတစ်ဦးက လက်မှာ အ၀ါကြိုးလေးပတ်ပေးပြီးဆုတောင်ပေးပါတယ်... သားဆုပန်ချင်တယ်လို့ပြောရင် အနီရောင်အိတ်ထဲမှာ ကျောက်တုံးလေးတွေထည့်ထားတာလေးကို မလေးလူမျိုးတစ်ယောက်က သစ်ပင်ပေါ်သွားချိတ်ပေးပါတယ်.. သူ့ကို မုန့်ဖိုးပေးရတာပေါ့...

အဆင်းလှေကား..
ရေကျချိန်ဖြစ်နေပြီလေ..
ဗျိုင်းလေးတစ်ကောင်တည်း catwalk လျှောက်နေတယ်.... :P

Add caption


ပြန်ပြီ တာ့တာ့...
Marina Bay MRT


Friday 26 October 2012

Raspberry Wine Vinegar နဲ့ချက်တဲ့ အမဲသား...


ဒီဟင်းချက်ဖြစ်ပုံကတော့..ဇာတ်လိုက်က Raspberry Wine Vinegar ပုလင်းလှလှလေးပါ.. IMM က Gaint ကိုသွားတော့ ပုလင်းလေးက လှတာနဲ့ဝယ်ထားတာကြာပြီ.. ဘာနဲ့ချက်စားရမှန်း မသိဘူးဖြစ်နေ တာလေ...စနေနေ့မဟုတ်ရင်တနင်္ဂနွေတရက်ကိုတပတ်စာဈေးသွားထားတာဆိုတော့..အိမ်မှာ နောက်ဆုံး
လက်ကျန် Stir Fry beef ပဲရှိတော့တယ်.. အဲဒါနဲ့ အဲဒီဝိုင်လေးနဲ့ နှပ်ပြီး ချက်ကြည့်မယ်ဆိုပြီး စမ်းသပ်ပြီးချက်လိုက်တာ.. တော်တော်စားကောင်းတယ်.. တစ်လတည်း သုံးခါတောင် ချက်စားဖြစ်တယ်.. ကြိုက်လွန်းလို့.. လွယ်လည်း လွယ်ပါတယ်...

ပါဝင်တာကတော့..
(1) Stir Fry Beef 
(2) Raspberry Win Vinegar 
(3) Dry Rosemary Leaves
(4) ငရုတ်ကောင်းခွဲခြမ်း
(5) ငရုတ်သီးအကြမ်းဖတ်
(6) ကြက်သွန်နီ ၁ လုံး... (သေးလျှင် ၂ လုံး)
(7) ကြက်သွန်ဖြူနည်းနည်း၊ ဂျင်းနည်းနည်း
(8) ဆား၊ အချိုမှုန့်၊ ဆီ

# ပထမဆုံး.. beef ကို ၀ိုင်နည်းနည်း၊ Rosemary ၊ ငရုတ်ကောင်းခွဲခြမ်း၊ ဆား၊ အချိုမှုန့်တို့နဲ့နယ်ပြီး 
   နာရီဝက်လောက် အဖုံးပိတ်နှင့် နှပ်ထားပေးပါ..
# ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ပါးပါးလှီးထားပါ...
# ဆီအနည်းငယ်ထည့်ပြီး (ဆီများသွားလျှင် စားလို့မကောင်းပါ).. ကြက်သွန်ဖြူ၊ ဂျင်းကို ဆီသတ်ပါ.. 
# မွှေးလာလျှင် ကြက်သွန်နီ ထည့်ပါ.. ကြက်သွန်နီနွမ်းလာပြီဆိုလျှင် ငရုတ်သီးအကြမ်းဖတ် ထည့် 
    ပြီး မွှေပေးပါ..
# နှံ့သွားပြီဆိုလျှင် အမဲသားနှပ်ထားတာထည့်မွှေပြီ.. မီးအေးအေးနဲ့ ၁၀ မိနစ်ခန့်အဖုံးပိတ်ပြီး 
   တည်ပေးပါ...
# အမဲသားကထွက်လာတဲ့ရေကုန်ပြီး. ဆီပြန်လာလျှင် စားလို့ရပါပြီ...

Thursday 25 October 2012

Everland ကစားကွင်းသွားမယ်...

ကစားကွင်းဝင်ပေါက်.. သွားကတည်းက ညနေစောင်းနေပြီလေ.. အထဲမှာကစားချိန်လည်းမရ.. လူတွေကများလွန်းတော့ လူပျောက်မှာစိုးပြီး ဂိုက်က သူ့နောက်က မကျန်အောင် လိုက်ခိုင်းတယ်လေ.. ဓာတ်ပုံတွေကို အမြန်ရိုက်ရတယ်.. သူက ကစားကွင်းတပတ်ပတ်ပြပြီး.. ကိုယ်ပိုင်အချိန်ပေးတော့ မိုးချုပ်နေပြီ.. tour နဲ့ သွားတာ အဲဒီတစ်ခုလုံးဝမကောင်းဘူး.. ရောက်ခဲ့တာပဲရှိတယ်... ကစားလည်း မကစားရဘူး.. လျှောက်ကြည့်နေရတာနဲ့ပဲ အချိန်ကုန်သွားတယ်.. ဘာပဲဖြစ်ဖြစ် အမြည်းလေးအဖြစ်တော့ ပုံလေးတွေ ကြည့်လို့ရတာပေါ့နော်...
october လဆိုတော့ holloween ပွဲလုပ်နေပြီလေ..
T ပုံစံ roller coaster လေ.. ကြောက်စရာကြီးနော်... ကျွန်မတို့အဖွဲ့ကတချို့ သွားစီးကြတယ်..
ကျွန်မ သရဲအရမ်းကြောက်တတ်ပါတယ်ဆိုမှ.. အမျိုးသားက ဒီနားမှာ ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ ကြောက်ကြောက်နဲ့ ရိုက်ပေးနေတုန်း.. ဟိုးးး ဘက်ထောင့်မှာ မတ်တပ်ရပ်နေတဲ့ မန်မီ ရုပ်တွေ့လား.. အဲဒါအရုပ်မဟုတ်ဘူး.. လူ.. သူနားလာလို့ဆိုပြီး.. ကျွန်မနောက်ကို လက်ကြီးဆန့်ပြီးလိုက်တာလေ.. ငိုပြီးပြေးခဲ့ရတယ်.. ကျွန်မငိုပြီးအော်တော့ လူတွေတောင်တော်တော်လန့်သွားတယ်.. သူက အော်လည်းလိုက်တာပဲ.. နောက်မှသိတယ်.. ကျွန်မတို့ဝင်မိတာ သရဲရွာတဲ့.. အဲဒီရွာက ထွက်မှ မလိုက်တော့ဘူး... တူတူသွားတဲ့ အဖွဲ့တွေ ကျွန်မကို ကြည့်ပြီး သနားပြီး ရေတိုက်တဲ့သူတိုက်နဲ့ အခု ပြန်တွေးကြည့်ရင် ရီစရာကြီးနော်..
ငိုလိုဝသွားတော့ .. ကလေးတွေအကြိုက်.. မီးအလှပြကားတွေသွားကြည့်တယ်..
ရေခဲမုန့်ဆိုင်က ကိုရီးယားညီမလေး ချောချောနဲ့..
four seasons garden မှာ laser show တစ်ခုပြတယ်.. တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်..
 laser show ကြည့်ဖို့ ထိုင်စောင့်နေသူတွေလေ...
ဒီစင်ပေါ်မှာပြတာ... video ရိုက်လာတယ်.. တင်လို့ရရင်တော့ တင်အုံးမယ်..
ဒီဟာလေး စီးရတာကြိုက်တယ်...
ဒီနေ့ညတော့ seoul ရောက်ပြီလေ.. မနက်ဖြန် seoul မြို့ထဲ လျှောက်သွားမယ်.. shopping ထွက်မယ်...
တာ့တာ့...

Monday 22 October 2012

ဂျင်ဇင်းစိုက်ခင်း နဲ့ ကင်ချီလုပ်တဲ့နေရာသွားမယ်...

နောက်တနေ့မနက်စောစော ကျည်ဆံရထား၁ နာရီလောက်စီးပြီး အခြား မြို့တမြို့ကို သွားပါတယ်... ကျည်ဆံရထားပေါ်မှာ free wifi ပေးထားပါတယ်...
ဒီဘူတာက စီးတာပါ...
ဒီနေ့ မနက်စာကတော့ ထမင်းလိပ်နဲ့နွားနို့...
ဂျင်ဇင်းစိုက်ခင်းပါ...
ဂျင်ဇင်းအရွက်၊ အသီး၊ အမြစ် ... ဂျင်ဇင်းမှာ အဖိုနဲ့အမ ဆိုပြီးရှိပါတယ်... ဂျင်ဇင်းအဖိုရဲ့အမြစ်မှာ ဖိုအဂါင်္ ပုံလေးပါတယ်လို့သိရပါတယ်...
ဂျင်ဇင်းတွေကို ဆေးရည်စိမ်ထားတာ..
ကင်ချီလုပ်ရာမှာ ပါဝင်တာတွေပါ... . မုန်ညှင်းထုပ်ကလွဲပြီး ကျန်တာအားလုံးကို အနှစ်လုပ်မှာပါ...

ကင်ချီလုပ်ဖို့ အနှစ်တွေပါ...
မုန်ညှင်းထုပ်ကို ဒီလိုမျိုး အနှစ်တွေနဲ့ နယ်ပေးပါတယ်... (ကိုယ်တိုင်လုပ်လာတာနော်).. (အနှစ်နဲ့ နယ်ရုံလေး နှမ်းဖြူးလာတာလေ)
နေ့လည်စာ...


ညနေ everland ကစားကွင်းသွားမယ်နော်... တာ့တာ့..